images
UN
UN
တောင်ကြီးမြို့ မြတ်တော်ဝင်ဆေးရုံ၌ နှုတ်ခမ်းကွဲ အာခေါင်ကွဲကလေးငယ်များကို အခမဲ့ခွဲစိတ်ကုသပေး
နေဂျူလိုင်ဝင်း Tuesday, 06 November 2018
ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်တော်သာရပ် ကြံ့ခိုင်ရေး လမ်းရှိ မြတ်တော်ဝင်ဆေးရုံ၌ ယခုလ ၃ ရက်နှင့် ၄ ရက်များ တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များကို မြတ်တော် ဝင်ဆေးရုံမှ Business Development Director ဒေါက်တာ စဝ်လောင်ဝမ်နှင့် အမေရိကန်အခြေစိုက် ကျန်းမာရေးအဖွဲ့အစည်း ဖြစ်သောSmile Train အဖွဲ့တို့၏ ကူညီမှုဖြင့် ပူးပေါင်း၍ အနယ်နယ်အရပ်ရပ်မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များ ကို အခမဲ့ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
ထိုနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များကို အသက် တစ်နှစ်သုံးလမှစ၍ အသက်အရွယ်ကန့်သတ်ချက်မရှိ။ ကလေး လူနာအရေအတွက် ကန့်သတ်ချက်မရှိဘဲ နှစ်ရက်အတွင်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်ပေါင်း ၅ဝ နီးပါးကို ရန်ကုန်မြို့၊ မန္တလေးမြို့တို့မှ ဆရာဝန်ကြီးများက လာရောက်၍ အခမဲ့ခွဲစိတ်ကုသပေးခဲ့ကြပြီး ယခုခွဲစိတ်မှုမှာ ခုနစ်ကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။
အခြားရပ်ဝေး မြို့၊ ရွာများမှ ကလေးငယ်များနှင့် ၄င်းတို့၏ မိဘများကို ဆေးရုံအနီးရှိ ဘုန်းကြီးကျောင်း၌ထားပြီး နံနက်စာ နှင့် နေ့လယ်စာတို့ကို ကျွေးမွေးခဲ့ကြောင်း သိရသည်။