images
UN
UN
မိုးညှင်းမြို့ အောင်သပြေရပ်ကွက်တွင် နေထိုင်သူအမျိုးသမီးနှစ်ဦးအား မူးယစ်မှုဖြင့်ဖမ်းဆီးအရေးယူ
ကချင်မြေနဂါး Wednesday, 07 November 2018
ကချင်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်တွင်နေထိုင် သည့် အမျိုးသမီးတစ်ဦးထံမှ မူး ယစ်ဆေးဝါးများ တွေ့ရှိစစ်ဆေး ပေါ်ပေါက်ချက်အရ ကွင်းဆက် တရားခံအား ဖမ်းဆီးအရေးယူနိုင် ခဲ့သည်။
ဖြစ်ပွားပုံမှာ ယခုလ ၅ရက် နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် မိုးညှင်းမြို့ မူးယစ်တပ်ဖွဲ့စု(၃)မှ ရဲအုပ်နေလင်း၊ ရဲအုပ်အောင်ပိုင်နှင့် တပ်ဖွဲ့ဝင်များသည် မိုးညှင်းမြို့မရဲ စခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် တင်ဝင်းနှင့်ပူးပေါင်း၍ သက်သေ များနှင့်အတူမူးယစ်ဆေးဝါးသတင်း အရ မိုးညှင်းမြို့ အောင်သပြေ(၃) ရပ်ကွက်နေ မဂျာနိုင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်တွင် အသင့်တွေ့ရပြီး ရဲအုပ်နေလင်းနှင့် အဖွဲ့မှရှာဖွေမှုပြုကြရာ မဂျာနိုင် ဝတ်ဆင်ထားသော အနွေးထည် အင်္ကျီ၏ ယာဘက်အောက် အိတ်ကပ်အတွင်းမှ အဟြရောင် ကပ်ခွာအိတ်ဖြင့် 88/1စာတန်းပါ ပန်းရောင်စိတ်ကြွဆေးဟြး ၁၇၅ ဟြးပါတစ်ထုပ်ကို ရှာဖွေတွေ့ရှိခဲ့ သဖြင့်ရဲအုပ်နေလင်းကသက်သေများ ရှေ့တွင် ရှာဖွေပုံစံဖြင့်ရေးသွင်း သိမ်းဆည်းခဲ့သည်။
မဂျာနိုင်၏ အစစ်ခံချက်အရ အဆိုပါ မူးယစ်ဆေးများအား အောင်သပြေ(၁)ရပ်ကွက်ရှိ စက်မှု လယ်ယာဝင်းအတွင်းနေထိုင်သူ ဒေါ်ကြည်ကြည်လှိုင်ထံမှ ဖုန်းဖြင့် ဆက်သွယ်ဝယ်ယူခဲ့ကြောင်း သိရ သဖြင့် ရဲအုပ်နေလင်းနှင့်အဖွဲ့ သည် မကြည်ကြည်လှိုင်နေထိုင် ရာသို့သွားရောက်ရှာဖွေခဲ့ကြရာ မူး ယစ်ဆေးဝါးတစ်စုံတစ်ရာမတွေ့ ရှိရသော်လည်း မဂျာနိုင်ထံမှတွေ့ ရှိရသော မူးယစ်ဆေးဝါးများမှာ ရောင်းချထားသောပစ္စည်းများဖြစ် ပြီး အဆိုပါမူးယစ်ဆေးဝါးများ အားယခုလ၁ရက်ကမော်ဟန်ဒေသ နန့်မချီမှော်တောင်းစိမ်းလေးရွှေမှော်မှ ဝယ်ယူလာခဲ့ကြောင်း ဝန်ခံခဲ့သည်။
ထို့ကြောင့် ရဲအုပ်နေလင်းက တရားလိုပြုလုပ်အမှုဖွင့်လှစ်ခဲ့ သဖြင့် မဂျာနိုင်(၃၈နှစ်) အောင် သပြေ(၃)ရပ်ကွက် မိုးညှင်းမြို့နှင့် ဒေါ်ကြည်ကြည်လှိုင်(၅ဝနှစ်) အောင်သပြေ(၁)ရပ်ကွက် မိုးညှင်း မြို့နေထိုင်သူတို့အား မိုးညှင်းမြို့မ ရဲစခန်းမှ မယ(ပ)၂၁၉/၂ဝ၁၈၊ ပုဒ်မ ၁၉(က)/၂၁ဖြင့် အမှုရေးဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။