images
UN
UN
Cordlifeပင်မဆဲလ်ဘဏ်ရဲ့BrandAmbassadorအဖြစ် ခန့်အပ်ခံရတဲ့ မိုးယုစံ
ဒဂုံဝေလင်း Wednesday, 07 November 2018
စင်ကာပူအခြေစိုက် Cordlife Group Ltd နှင့် မြန်မာနိုင်ငံမှBio Secure ကုမ္ပဏီ လီမိတက်တို့ပူးပေါင်း၍ Cordlife ပင်မဆဲလ်ဘဏ်၏ ဝန်ဆောင်မူများစတင် မိတ်ဆက်ပွဲနဲ့ ရုပ်ရှင်သရုပ်ဆောင် မိုးယုစံကိုBrand ambassador ခန့်အပ်ခြင်း အခမ်းအနားပွဲမှာတက် ရောက်လာတဲ့ မိုးယုစံကအခုလို ပြောပြလာတာကတော့ ''မိုးယုက မိုးယုကလေးအချင်း သွေးနဲ့အချင်းကြိုးသိမ်းမှာဆိုတော့ Cordlife ပွဲကိုတက်တာပါ။ မြန်မာနိုင်ငံမှာလည်း အခုနောက်ပိုင်းတော်တော်လေး ခေတ်စားလာပြီး နောင်တစ်ချိန်ကျန်းမာရေးအတွက် သိမ်းတဲ့ သဘောပေါ့၊ ညီမကလေးရဲ့အချင်းကို ဒီကုမ္ပဏီနဲ့သိမ်းမှာပါ။ အရင်ကတော့ စွန့်ပစ်ပစ္စည်း အခုကတော့ တန်ဖိုးရှိတဲ့အရာ တစ်ခုဆိုတာသိရတော့ သိမ်းထားရမယ်လေ။ ကလေး အတွက်တင်မဟုတ်ဘူး၊ မိဘဘိုးဘွားတွေထိအတွက်ပါ သုံးလို့ရတဲ့အတွက် အကျိုးရှိတဲ့ဟာ ပေါ့နော်၊ ကလေးလေးက အခုရှစ်လထဲမှာပါ နောက်လဆိုမွေးပြီ။ ယောက်ျားလေးပါ။ ကိုယ့်ရင်သွေးလေးတွေ့ရတော့မယ်ဆိုတဲ့ စိတ်နဲ့ပီတိဖြစ်ရင်တွေခုန်နေရတယ်။ သားဦးက ယောက်ျားလေးလည်းဖြစ်တော့ သာသနာပြု့လို့ရတဲ့အတွက်ပျော်တယ်။ သားလေးကို အဖေနဲ့ အမေဆီက ကောင်းတဲ့အကျင့်တွေအားလုံးတူစေချင်တယ် အကောင်းဆုံးတွေပဲဖြစ်စေချင် တယ်။ သူ့ကို အခုထဲက မိုးယုတွေးမိတာက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရပ်တည်နိုင်တဲ့သူဖြစ် စေချင်တယ်။ သားလေးကို ခွဲမွေးမယ်လို့ ပြောပြခဲ့ပါတယ်။