images
UN
UN
မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရုပ်ရှင်ဇာတ်ညွှန်းအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇာတ်ညွှန်းရေးဆရာLမင်းပြည့်မွန် ကပြော
သူရကို Wednesday, 07 November 2018
မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုး တက်လာစေရန်နှင့် ရုပ်ရှင်ဇာတ် ညွှန်းအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြည်တွင်းကရုပ်ရှင် ဇာတ်ညွှန်းရေးသားသည့် ပညာရှင် များနှင့် ဒါရိုက်တာများပူးပေါင်းပြီး ရန်ကုန်မြို့ ရွှေတောင်ကြားလမ်း၌ ရှိသော ရုပ်ရှင်အနုပညာရပ်ဝန်း Film Development Center တွင် ပထမအကြိမ်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဇာတ်ညွှန်းအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ ပြု လုပ်ရခြင်းသည် မြန်မာ့ရုပ်ရှင် လောကဖွံ့ဖြိုးတိုးတက်လာစေရန် နှင့် ရုပ်ရှင်ဇာတ်ညွှန်းရေးသား သောအချိန်တွင် လိုက်နာရသည့် အချက်အလက်များ၊ ဇာတ်ညွှန်း ရေးသားနည်းကို ပိုမိုသိရှိနိုင်စေရန် ရည်ရွယ်ကာ ပြုလုပ်ရခြင်းဖြစ် ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဇာတ်ညွှန်းနှင့် ဒါရိုက်တာM နိုး၊ ဇာတ်ညွှန်းရေး ဆရာ Lမင်းပြည့်မွန်တို့က ဦး ဆောင်ပြီးရုပ်ရှင်နှင့် မြန်မာ့ဟန် ခေါင်းစဉ်ဖြင့် ရုပ်ရှင်လောက ဝတ် စားဆင်ယဉ်မှု၊ ဇာတ်ညွှန်းရေးပုံ ရေးနည်းစသည်တို့ကိုဆွေးနွေး ဟောပြောခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဇာတ်ညွှန်းရေးဆရာ Lမင်း ပြည့်မွန်က''အနုပညာစိတ်ဝင်စား တဲ့ လူငယ်တွေ၊ ဒါရိုက်တာတစ် ယောက်ရဲ့လိုအပ်တဲ့ အရည်အချင်း ပညာရပ်တွေ၊ ဇာတ်ညွှန်းရေးဆရာ တစ်ယောက်ရဲ့ လိုအပ်တဲ့အရည် အချင်းတွေအစရှိတဲ့ အကြောင်း အရာတွေကိုသင်ကြားပေးသွားမှာ ဖြစ်ပါတယ်''ဟုပြောကြားခဲ့သည်။
အနုပညာနှင့် ပတ်သက်သော ဇာတ်ညွှန်းအကြာင်းအရာဆွေးနွေး ပွဲများကို လူငယ်များအသိပညာ၊ အတတ်ပညာတိုးပွားလာစေရန် တစ်လကို နှစ်ကြိမ် ရန်ကုန်မြို့ ရွှေ တောင်ကြားလမ်း၌ရှိသော ရုပ်ရှင် အနုပညာရပ်ဝန်းFilm Development Center တွင် ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။