images
UN
UN
ဇာတ်ပို့ဇာတ်ရံတွေအနုပညာကြေး ထင်သလောက်မရပါဘူး ဇာတ်တစ်ခုကောင်းဖို့တော့ ဇာတ်ပို့ဇာတ်ရံတွေ အရမ်းကြိုးစားရပါတယ်ဆိုတဲ့ ဇာတ်ပို့သရုပ်ဆောင် ဒေါ်တူး
သွန်းလေး Wednesday, 07 November 2018
အိမ်ထောင်ရှင်အလှမယ်Miss Myanmar ဆုရခဲ့သည့်ဇာတ်ပို့ သရုပ်ဆောင်ဒေါ်တူးက ''ဇာတ်ပို့ ဇာတ်ရံတွေအနေနဲ့ဇာတ်ကားတစ် ကားရိုက်တဲ့အခါ အနုပညာကြေး ကိုထင်သလောက်မရပါဘူး။ဇာတ် လမ်းကောင်းဖို့တော့အရမ်းကြိုး စားကြရပါတယ်''ဟု Mister Supranational Myanmar2018 စာ နယ်ဇင်းမိတ်ဆက်ပွဲတွင်ပြောသည်။
''လူတွေကထင်တယ်လေ။ မင်းသားမင်းသမီးတွေကသိန်းရာ ချီပြီးတော့ရတယ်။ ဇာတ်ပို့ဇာတ်ရံ တွေက မရဘူးရှင့်။ ဇာတ်ပို့ ဇာတ်ရံတွေကတောင်းရင်လေ ဈေး က ဆစ်လိုက်သေးတယ်။ ဇာတ်ပို့ ဇာတ်ရံတွေထင်သလောက်မရပါ ဘူး။ ဒါပေမဲ့ ဇာတ်တစ်ခုကောင်း အောင်တော့အသေအလဲပို့ရတာ အန်တီတူးတို့ဇာတ်ပို့ ဇာတ်ရံတွေ ပါ''ဟု ပြောသည်။
လတ်တလောအနုပညာ လှုပ် ရှားမှုအနေဖြင့်လည်း ''ကားတစ် ကားငှားထားပါတယ်။ တစ်လ ကျော်ကျော်ကြာမယ်တဲ့။ မြန်မာ တစ်ပြည်လုံးကိုအနှံ့လိုက်ရိုက်မယ်။ အဲ့ဒီပရိုဂျူဆာ ဒါရိုက်တာတွေက တော့မိုက်ခရိုfilm ပထမဦးဆုံး အပတ်မှာ ဆုရတဲ့ကလေးတွေက ထုတ်လုပ်သူလုပ်ပြီး ရိုက်မှာပါ။ကားနာမည်ကတော့မပြောသေး ဘူး။ အဲ့ဒီကားမှာဆယ့်နှစ်ဆင်းပါ တယ်''ဟု ဇာတ်ပို့သရုပ်ဆောင် ဒေါ်တူးကပြောသည်။