images
UN
UN
နိုင်ငံတကာရိုက်ခတ်တူရိယာစုံ ဖျော်ဖြေပွဲ 2018 Gongs & Skins:ကျင်းပမည်
သွန်းလေး Wednesday, 07 November 2018
မြန်မာနိုင်ငံနှင့်ဥရောပတစ်ဝန်း မှ အတီးအမှုတ်ပညာရှင်များသည် နိုဝင်ဘာ ၆ရက် ည ၇ နာရီတွင်Goethe Villaနှင့်နိုဝင်ဘာ ၈ ရက် ညနေ ၆နာရီခွဲတွင် မဟာဗန္ဓုလ ပန်းခြံ၊ နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီတွင် ဘားအံတွင်ကျင်းပမည် ဖြစ်သောGongs & Skins: နိုင်ငံ တကာရိုက်ခတ်တူရိယာစုံဖျော်ဖြေ ပွဲအတွက်အတူတကွစုဝေးရောက် ရှိလာကြမည်ဖြစ်သည်။
ဗမာ(ဆိုင်းဝိုင်း)၊ကရင်၊ရခိုင်နှင့် ရှမ်းစသည့် တိုင်းရင်းသားရိုက် ခတ်တူရိယာအတီးဂီတ ပညာရှင် များသည်ကနေဒါ၊တရုတ်၊ဒိန်းမတ်၊ ပြင်သစ်၊ဂျာမနီ၊ အီတလီ၊ ဂျပန်၊ မလေးရှားနှင့် ပိုလန်နိုင်ငံတို့မှ ရိုက် ခတ်တူရိယာ အတီးဂီတပညာရှင် များနှင့်ပူးပေါင်းကာ တစ်ပတ်ကြာ ကျင်းပမည့် ဂီတပွဲတော်တွင် အတူ တကွတီးမှုတ်ဖျော်ဖြေကြမည်ဖြစ် သည်။ ဂျာမန်လူမျိုးရိုက်ခတ်တူ ရိယာ အတီးကျွမ်းကျင်ပညာရှင် ပါမောက္ခBernhard Wulffသည် ရန်ကုန်နှင့် ဘားအံမြို့များတွင် ကျင်းပမည့် ဂီတဖျော်ဖြေပွဲများ အတွက် ဖျော်ဖြေမည့်သီချင်းသံစဉ် များကိုဖန်တီး၍ နိုင်ငံတကာမှဂီတ ပညာရှင်များကိုဦးဆောင်ညွှန်ကြား ပေးသွားမည်ဖြစ်သည်။
ရိုက်ခတ်တူရိယာရိုးရာ အစဉ် အလာသည် အရှေ့တောင်အာရှ၏ ရတနာတစ်ပါးပင်ဖြစ်ပြီး မြန်မာ နိုင်ငံသည် ရိုက်ခတ်တူရိယာမျိုး ကွဲပေါင်းများစွာနှင့် ပုံစံမျိုးစုံကို ထူးခြားစွာ ပိုင်ဆိုင်ထားသည်။ ဗမာလူမျိုးတို့အတွက် ရိုက်ခတ် တူရိယာဟုဆိုလျှင် ရိုးရာအစဉ် အလာအားဖြင့် မောင်းနှင့်ဗုံမျိုးစုံပါ ဝင်သော ရိုးရာဗမာ့ဆိုင်းဝိုင်းမှာ ထင်ရှားကျော်ကြားပြီး တိုင်းပြည် အတွင်းနေထိုင်ကြသည့် မတူညီ သော တိုင်းရင်းသားမျိုးနွယ်စုများ တွင်လည်း ၄င်းတို့၏ကိုယ်ပိုင်ရိုက် ခတ်တူရိယာမျိုးကွဲပေါင်းများစွာ၊ မတူညီသော ရိုက်ခတ်တူရိယာပုံ သဏ္ဍာန်အမျိုးမျိုးပိုင်ဆိုင်ထားကြ ပြီး မြန်မာ့ဂီတ၏အစဉ်အလာကြီး မားမှုကိုထင်ဟပ်စေမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်ပြုလုပ်မည့်Go-ngs&Skinsဂီတဖျော်ဖြေပွဲများတွင် အီတလီနှင့်ဒိန်းမတ်နိုင်ငံတို့ အပါ အဝင်ကမ္ဘာတစ်ဝန်းမှ စည်းချက် တူရိယာ ဂီတပညာရှင်များသည် မြန်မာဂီတပညာရှင်များနှင့်အတူ တကွ ပူးပေါင်းဖျော်ဖြေတင်ဆက် ကြမည်ဖြစ်ပြီး ဖျော်ဖြေတင်ဆက် မှုများသည် အများပြည်သူများအား လုံးခံစားကြည့်ရှုနိုင်စေရန်အတွက် အခမဲ့ပြသသွားမည်ဖြစ်သည်။
Gongs & Skins ကို Goethe – Institut မှ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ နှင့်ပူးပေါင်းကာ စီစဉ်ကျင်းပခြင်း ဖြစ်ပြီး ဒိန်းမတ်နှင့် အီတလီသံရုံး တို့မှ ကူညီပံ့ပိုးပေးထားသည်။