images
UN
UN
လယ်ဝေးမြို့နယ်တွင် သက်ငယ်မုဒိမ်းမှုလျော့နည်းကျဆင်းရေး အသိပညာပေး
မင်းမင်းလတ်(ရူပဗေဒ) Wednesday, 07 November 2018

=========================================

လယ်ဝေး နိုဝင်ဘာ ၇
===============
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်တွင် မြို့နယ် ရဲတပ်ဖွဲ့မှူး၏ကြီးကြပ်မှုဖြင့် သက်ငယ်မုဒိမ်းမှုလျော့နည်းကျဆင်းရေး၊ မှုခင်း မဖြစ်ပွားစေရေး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း ဆိုးကျိုး၊ ပြစ်ဒဏ်အကြောင်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဝင်းတဲကူး ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ သစ်ပုတ်ပင်နယ်မြေရဲစခန်းမှူး ရဲအုပ်မြင့်ဆွေက အသိပညာပေးဟောပြောခဲ့ပြီး ဒေသခံပြည်သူ ၁၃ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။