images
UN
UN
ဆိုင်ကယ်တူးဘောက်အတွင်း ထည့်ထားသော ငွေကျပ် ၁၉သိန်းခိုးယူသွားသူအား မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးရမိ
ကျော်ကျော်(မလိုင်) Wednesday, 07 November 2018
မန္တလေးတိုင်းဒေသကြီးအောင် မြေသာစံမြို့နယ်၌ ဆိုင်ကယ်တူး ဘောက်အတွင်း ထည့်ထားသော ငွေကျပ်၁၉သိန်းခိုးယူသွားသည့်ဖြစ် စဉ်အား လူမှုစာမျက်နှာအွန်လိုင်း ပေါ်၌ပျံ့နှံ့ပါရှိခဲ့ပြီးနောက် အဆိုပါ ဖြစ်စဉ်အား မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှအချိန်နှင့်တစ်ပြေး ညီဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းများ အရသိရသည်။
ဖြစ်စဉ်မှာ ယခုလ ၅ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ် အောင် မြေသာစံမြို့နယ် အနှိပ်တော်ရပ် ကွက်နေ မစုသီရိစံ (၁၈နှစ်)သည် မိခင်ဖြစ်သူနှင့်အတူ နေအိမ်မှ ၆၂ လမ်း၊၁၉x၂ဝလမ်းကြားရှိကမ္ဘောဇ ဘဏ်သို့ဖခင်မှငွေလွှဲပို့၍ ၅၆ယ /------Click ဆိုင်ကယ်ဖြင့် သွား ရောက်ထုတ်ယူခဲ့ပြီး ငွေကျပ် ၁၉ သိန်းအားဆိုင်ကယ်တူးဘောက်ထဲ သို့ထည့်ကာ ၆၂ လမ်းမှတစ်ဆင့် ၁၉ လမ်းရှိ ဒင်္ဂါးစားသုံးဆီဆိုင်သို့ ရောက်သည့်အခါ ဆိုင်ကယ်အား ဆိုင်ရှေ့၌ ရပ်တန့်ပြီးဆိုင်အတွင်း သို့ ဆန်ဝင်ဝယ်စဉ် ဆိုင်ကယ်တူး ဘောက်အတွင်း ထည့်ထားသော ငွေကျပ် ၁၉သိန်းအား Click ဆိုင် ကယ်နှင့် CZI-125 ဆိုင်ကယ် စီးလာသူ အမည်မသိအမျိုးသား သုံးဦးမှ ခိုးယူသွားသည်ကိုသိရှိရ၍ ဆိုင်ကယ်တူးဘောက်အားဖွင့်ကြည့် ရာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိ ရသဖြင့် အမှတ်(၁)နယ်မြေ ရဲစခန်း (ပ)၆၉၄/၂ဝ၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၇၉ အရ အမှုဖွင့်ခဲ့သည်။ အမှုမှ တရားခံများအားဖော်ထုတ်ဖမ်းဆီး ရမိရေးအတွက်မန္တလေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့ များဖွဲ့၍ စုံစမ်းရှာဖွေခဲ့ရာအောင်မြေ သာစံမြို့နယ်၊ ၆၃လမ်း၊၁၉x၂ဝ လမ်းကြားရှိ ဒင်္ဂါးဆီဆိုင်အနီးပတ် ဝန်းကျင်ရှိ CCTV မှတ်တမ်းများ ကြည့်ရှု့ခဲ့ပြီးပြစ်မှုကျူးလွန်နေသည့် မှတ်တမ်းဓာတ်ပုံများရရှိခဲ့သည်။ အခင်းဖြစ်ရပ်CCTV မှတ်တမ်းပါ ပြစ်မှုကျူးလွန်သူသုံးဦးအား စုံစမ်း ခဲ့ရာ CZI-125 အနက်ရောင် ဆိုင်ကယ်စီးသူသည် ပုသိမ်ကြီး မြို့နယ် ကုလားကြီးခြံတွင် နေထိုင် သော စောမင်းဦး ဖြစ်ကြောင်းသိရှိ ရသဖြင့် ယမန်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် သက်သေများနှင့် အတူ ပုသိမ်ကြီးမြို့နယ်ရှိ ကုလား ကြီးခြံသို့ သွားရောက် စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူ မသင်္ကာတရားခံ စောမင်းဦး(၂၄နှစ်)အား ၄င်း၏နေ အိမ်တွင်တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းရာ ၄င်းသည် ၆၃ လမ်း၊၁၉x၂ဝလမ်းကြားရှိ ဒင်္ဂါးဆီ ဆိုင်ရှေ့တွင်ရပ်ထားသည့်ဆိုင်ကယ် တူးဘောက်အတွင်းမှ ငွေကျပ် ၁၉ သိန်းခိုးယူခဲ့ကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့ပြီး ပြစ်မှုကျူးလွန်ရာ တွင် အသုံးပြုသည့် CZI-125 အနက်ရောင် မော်တော်ဆိုင်ကယ် နှင့် အခင်းဖြစ်စဉ်က ၄င်းဝတ်ဆင် ခဲ့သော အင်္ကျီနှင့်ပုဆိုးတို့အား သိမ်းဆည်းပြီး အသေးစိတ်ဆက် လက်စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်များအရ သိရသည်။