images
UN
UN
ဒုတိယအကြိမ် Yangon 100PLUS Active Run မာရသွန်ပြိုင်ပွဲ ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပမည်
ကြယ်လေး Thursday, 08 November 2018
ရေဓာတ်ဖြည့်အချိုရည်(Sports Drink) အမျိုးအစားဖြစ်သော100 PLUS မှ ဦးစီး၍ ဒုတိယအကြိမ် Yangon 100 PLUS Active Run မာရသွန်အပြေးပြိုင်ပွဲကြီးကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ယမန်နေ့ ထုတ်ကပြန်လိုက်သည်။
ယခုနှစ်Yangon 100 PLUS Active Run မာရသွန်ပြိုင်ပွဲကြီးကို ယခင်နှစ် ပြိုင်ပွဲအမျိုးအစားများ အတိုင်း ၁ဝ ကီလိုမီတာ စိန်ခေါ် ပြိုင်ပွဲနှင့် ၃ ဒသမ ၅ ကီလိုမီတာ အပျော်တမ်းအပြေး/လမ်းလျှောက် ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစားနှစ်မျိုး ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ယခု လ ၃ဝ ရက်တွင် အသက် ၁၅နှစ် ပြည့်ပြီးသူများနှင့် ၁၅ နှစ်အထက် အသက်အရွယ်များသာ ၁ဝကီလို မီတာ စိန်ခေါ်ပြိုင်ပွဲတွင် ပါဝင် ယှဉ် ပြိုင်ခွင့်ရမှာဖြစ်ပြီး ၃ ဒသမ ၅ ကီလိုမီတာအပျော်တမ်း အပြေး/ လမ်းလျှောက်ပြိုင်ပွဲ အမျိုးအစား အတွက် အသက်အရွယ်ကန့်သတ် ချက်မရှိကြောင်း သိရသည်။
''ယခုနှစ်အတွက် မာရသွန် ပြိုင်ပွဲကြီး ပါဝင်ယှဉ်ပြိုင်သူများ အား မိမိတို့အနေဖြင့် ပြိုင်ပွဲဝင်ရန် အကောင်းဆုံးကြိုတင်ပြင်ဆင်ထား ပြီး အကောင်းမွန်ဆုံးအချိန်များကို ရရှိပိုင်ဆိုင်နိုင်ဖို့အတွက် မျှော်လင့် ပါတယ်။100PLUS က အကူ အညီလိုအပ်နေသူတွေကိုထောက်ပံ့ ကူညီနိုင်ဖို့ ရန်ကင်းကလေးဆေးရုံ အား လက်မှတ်ရောင်းချရငွေများ အနက်မှရရှိငွေအချို့အား ပေးအပ် လှူဒါန်းသွားမှာဖြစ်ပါတယ်''ဟု F&N Myanmar ၏ Country Manager ဖြစ်သူ Mr. Freddy Oh က ပြောသည်။Yangon 100PLUS Active Run မာရသွန်ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်လိုသူများမှာ City Mart စူပါမားကတ်များ၊Market Place စူပါမားကတ်များနှင့် Ocean စူပါမားကတ်များရှိ Customer Service ကောင်တာများတွင် လက်မှတ်များ ဝယ်ယူနိုင်ပြီး ၁ဝ ကီလိုမီတာနှင့် ၃ ဒသမ ၅ ကီလို မီတာပြိုင်ပွဲနှစ်မျိုးလုံးအတွက်လက် မှတ်တစ်စောင်လျှင် ကျပ် ၁ဝဝဝဝ နှုန်းဖြင့် ယခုအချိန်မှစတင်၍ ယခု လ ၂၅ ရက်(တနင်္ဂနွေနေ့)အထိ ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
လက်မှတ်များကို ဦးရာလူ စနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်သောကြောင့် အပြေးပြိုင်ပွဲဝင် မည့်သူများအနေဖြင့် လက်မှတ် မရရှိ၍ အဆင်မပြေမှုများမဖြစ် စေရန် ကြိုတင်ဝယ်ယူထားနိုင် ကြောင်း၊ 100PLUS မှ မာရသွန် ပြိုင်ပွဲဝင် လက်မှတ်တစ်စောင် ရောင်းချရလျှင် ထိုလက်မှတ်တစ် စောင်ရောင်းချရငွေတန်ဖိုးမှ မြန်မာ ကျပ်ငွေ ၂ဝဝဝ အား ရန်ကင်း ကလေးဆေးရုံသို့ လှူဒါန်းသွား မည်ဖြစ်သည်။