images
UN
UN
တရားမဝင်ရန်မူနိုင်သော လက်နက်ကိုင်ဆောင်သူကို ဖမ်းဆီး
အေလာသား Thursday, 08 November 2018
နေပြည်တော်လယ်ဝေးမြို့နယ် အေလာနယ်မြေရဲစခန်းမှ တရား မဝင်ရန်မူနိုင်သော လက်နက်ကိုင် ဆောင်သူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နေပြည်တော်လယ်ဝေးမြို့နယ် အေလာနယ်မြေရဲစခန်းမှ ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်အောင်နှင့်အဖွဲ့၊ နယ်မြေခံ ရွာသစ်ရွာရာအိမ်မှူး ဦးခင်မောင်၊ ဦးကုလားရွာ ရာအိမ်မှူး ဦးအေးကို တို့နှင့်အတူ ရွာသစ်ရွာ ထိပ်မြို့ ရှောင်လမ်းတွင် ပိတ်ဆို့ရှာဖွေစစ် ဆေးနေစဉ် ရုံးပင်ရွာဘက်မှ အေ လာဘက်သို့ သိန်းဇော်(၃၃နှစ်) အေးချမ်းသာရွာ အေးချမ်းသာ အုပ်စု လယ်ဝေးမြို့နယ်နေသူ မောင်းနှင်လာသော ၄၃ယ/ ------ ဒါရမ်း ၁၁ဝ အစိမ်းကျား ရောင်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ သိန်းဇော်လွယ်ထား သောလွယ်အိတ်ထဲမှ အသွားရှစ် လက်မ အရိုး လေးလက်မခန့်ရှိ ဆိုင်ကယ်လက်ကိုင် အစွပ်အရိုး တပ် တိပ်အနီအဝါရောင်ပတ်ထား သော သစ်သားဓားအိမ်ပါ ဓားဦး ချွန် ဓားမြှောင်တစ်ချောင်းအား တွေ့ရှိသဖြင့် သက်သေများရှေ့ ရှာဖွေပုံစံဖြင့်သိမ်းပြီး တရားမဝင် ရန်မူနိုင်သော လက်နက်အား ကိုင်ဆောင်သူ သိန်းဇော်အား ဥပဒေအရအရေးယူပေးရန် နယ် ထိန်းခေါင်းဆောင် ဒုရဲအုပ်က တရားလိုပြုလုပ်တိုင်တန်းမှု ဖြစ် သည်။
အမှုကိုအေလာနယ်မြေရဲစခန်း မှ(ပ)၁၇၅/၂ဝ၁၈၊လက်နက်ဥပဒေ ပုဒ်မ၁၉(င)အရအမှုဖွင့်ထားကြောင်း သတင်းရရှိသည်။