images
UN
UN
မြို့နယ်အုပ်ချုပ်ရေးမှူးဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ
သိန်းဖေ(မာန်အောင်) Thursday, 08 November 2018
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မျိုးဆက်သစ်လူငယ် အားကစားသမားကောင်းများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျင်းပ ခဲ့သောမြို့နယ်အုပ်ချုပ်ရေးမှူးဖလားအသက်၂၁နှစ်အောက် ရပ်ကွက် ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ရပ်ကွက်ကျေးရွာဘောလုံးအသင်း ရှစ်သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ်စုပေါင်း (၁)အသင်းနှင့် စုပေါင်း(၄)သင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစား ကြရာ စုပေါင်း(၁)အသင်းက စုပေါင်း(၄)အသင်းကို သုံးဂိုး-တစ်ဂိုး ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။
ယင်းနောက်ဆုပေးပွဲကိုကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့် လှိုင်နှင့်တာဝန်ရှိသူများက ပထမ၊ ဒုတိယဆုရအသင်းများနှင့် နေရာ အလိုက် အကောင်းဆုံးအားကစားသမားဆုနှင့်ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသူများအား ဆုအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။