images
UN
UN
ယနေ့တိုင်ထင်ရှား သမိုင်းဝင်ဆင်တံတား(ဆင်မင်းတံတား)
တိမ်တမန် Thursday, 08 November 2018
မန္တလေးမြို့သည် စိတ်ဝင်စား စရာ သမိုင်းဝင်နေရာများစွာတည် ရှိသော မြန်မာနိုင်ငံ၏ နောက်ဆုံး မင်းနေပြည်ပင်ဖြစ်သည်။ စေတီ တစ်ဆူ၊ တံတားတစ်စင်းမှအစ ထူးခြားသော သမိုင်းနောက်ခံ ဇာတ်လမ်းများရှိနေသည်။ ထို အထဲတွင် နိဗ္ဗာနပစ္စယနာဂရာဇာ ဘွဲ့ခံဆင်ဖြူတော်၏ကုသိုလ်တော် ဆင်တံတား(ဆင်မင်းတံတား) လည်းပါဝင်သည်။
ဆင်တံတားမှာ သမိုင်းဝင် အိမ်တော်ရာဘုရားအရှေ့ပေါက်မှ ၈၆လမ်း တံတားထိပ်နေရာအထိ ဖြစ်ပြီး တံတားထိပ်နေရာတွင် ဆင်မင်းပုံတူ ဆင်ဖြူတော်ရုပ်ကြီး နှစ်စီးကို ဆင်ထိန်း၊ ရွှေအင်ဒုံများ သဏ္ဌာန် အုတ်အင်္ဂတေတို့ဖြင့် ခန့် ညားစွာတည်ဆောက်ထားသည် ကို ယနေ့တိုင်တွေ့မြင်နိုင်သည်။
ဆင်မင်းတံတားဟုခေါ်တွင် ရသည့်အကြောင်းမှာ ကောဇာ သက္ကရာဇ် ၁၂၁ဝ ပြည့်နှစ်သမိုင်း ဝင်အိမ်တော်ရာစေတီ တည်တော် မူပြီး တစ်နှစ်အကြာတွင် နိဗ္ဗာန ပစ္စယနာဂရာဇာဘွဲ့ခံဆဒ္ဒန်နွယ်ဝင် ဆင်ဖြူမင်းအားလက်ဖွဲ့ချီးမြှောက် ထားသောရွှေငွေရတနာ၊ကျောက် သံပတ္တမြားတို့ကို ငွေတော်အဖြစ် တန်ဖိုးသင့်လဲလှယ်ကာ မဟာ လောကရံသီအိမ်တော်ရာစေတီ၏ အရှေ့စောင်းတန်းဘက်မှစတင်ကာ ရွှေတစ်ချောင်းမြောင်းအထိ တံ တားခင်းကာ လှူဒါန်းထားသည့် အတွက်ဆင်တံတား (ဆင်မင်း တံတား)ဟုခေါ်တွင်ခြင်းဖြစ်သည်။
ဆင်မင်းကိုအမရပူရမြို့တည် နန်းတည် ကုန်းဘောင်မင်းဆက် ခြောက်ဆက်မြောက်ပဒုံမင်း(ခေါ်) ဘိုးတော်ဘုရားလက်ထက်ကောဇာ သက္ကရာဇ် ၁၁၆၈ ခုနှစ်က သိမ်း ယူထားခြင်းဖြစ်သည်။ ဆင်မင်း ကိုဆောင်ယူခြင်း၊ချီးမြှောက်ခြင်း၊ ဘွဲ့တပ်ခြင်း၊ လက်ဖွဲ့တော်မူခြင်း များကို ခမ်းနားစွာပြုလုပ်ခဲ့သည်။ လက်ရှိကာလတွင် သမိုင်းဝင် မဟာလောကရံသီ အိမ်တော်ရာ စေတီမြတ်ကြီးအရှေ့စောင်းတန်း မှစတင်ကာ ဆင်တံတားကို ဖြောင့် တန်းသောလမ်းအဖြစ်သွားလာနိုင်ပြီး ဆင်တံတားထိပ်နေရာ ၈၆လမ်း အနီးတွင်သမိုင်းဝင်ဆင်ဖြူတော် ရုပ်တုနှစ်ခုကို ယနေ့တိုင်ကြည့်ရှု လေ့လာနိုင်သည်။