images
UN
UN
အကယ်ဒမီ သက်မွန်မြင့်က ဖလမ်းမြို့၌ ကထိန်သင်္ကန်းဆက် ကပ်လှူဒါန်း
ဂျွန် Thursday, 08 November 2018
နှစ်ဖက်မိဘများအားအမှူးထား ၍ ဦးစစ်နိုင်နှင့်ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်သက်မွန်မြင့် မိသားစုတို့၏ ကထိန်သင်္ကန်းဆက် ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ ၇ရက် နံနက် ၉ နာရီခွဲက ဖလမ်းမြို့ ဗဟို သာသနာပြုကျောင်း၌ကျင်းပသည်။
ရှေးဦးစွာဧည့်ပရိသတ်အပေါင်း က သြကာသကန်တော့ချိုးဖြင့် ဘုရားကန်တော့ပြီး ဗဟိုကျောင်း တိုက်ဆရာတော်ဘဒ္ဒန္တအရိယဝံသ (မဟာသဒ္ဓမ္မဇောတိကဓဇ)ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြ သည်။ထို့နောက် ဆရာတော်သံဃာ တော်များက အန္တရာယ်ကင်းပရိတ် တရားတော်များရွတ်ဖတ်သရဇ္ဈာယ် တော်မူကြပြီး အလှူရှင်မိသားစု က ကထိန်သင်္ကန်းဆက်ကပ်လှူ ဒါန်းကြသည်။ဆက်လက်၍ ဆရာ တော်ဘဒ္ဒန္တအရိယဝံသ(မဟာသဒ္ဓမ္မ ဇောတိကဓဇ)ကကထိန်အနုမော ဒနာတရားဟောကြားပြီး အလှူ ရှင်အကယ်ဒမီသက်မွန်မြင့်မိသားစု နှင့် ဧည့်ပရိသတ်အပေါင်းတို့က လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကြသည်။
ယင်းနောက် သံဃာတော်များ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ကြပြီးဧည့်ပရိသတ်များကို လည်း ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။