images
UN
UN
တေးသံရှင် ဇွဲလေး၏ တေးစီးရီး ဒုတိယမြောက် ပထမဆုံးချစ်သူ
ဒဂုံဝေလင်း Thursday, 08 November 2018
တေးသံရှင်ဇွဲလေး၏''ဒုတိယမြောက်ပထမဆုံးချစ်သူ'' အမည် ရှိ တေးစီးရီးမိတ်ဆက်ပွဲကို နိုဝင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီက Orchid Hotel တွင်ကျင်းပခဲ့သည်။
မိတ်ဆက်ပွဲတွင်''ကျွန်တော်က Rap သီချင်းတွေကိုသဘောကျ တယ်။ ကျွန်တော်နှစ်ပေါင်းလေးနှစ်လောက်ကြိုးစားထားတာလေး တွေဖြစ်လာလို့ကျေနပ်ပျော်ရွှင်ရပါတယ်''လို့ပြောသည်။
အဆိုပါ တေးစီးရီးတွင် featuring အဖြစ်ပေါက်စီ၊အောင်တေဇ ကျော်၊ ဝတီ၊ှတာ၊ မြင့်မိုရ်ဟိန်း၊ ယမင်းဧကရီ၊ ဂျူစီတို့မှပါဝင်သီဆို ပေးထားပြီး နိုဝင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီ ထိ ဘီလူးကျွန်းချောင်းဆုံမြို့နယ်နှင့် ဟင်္သာတအဝိုင်း၊ နိုဝင်ဘာလ ၂၂ရက် မော်လမြိုင်၊ မွန်းလွဲ ၁နာရီတို့တွင် အနုပညာရှင်ညီအစ်ကို မောင်နှမများက ပျော်ရွှင်စရာအစီအစဉ်များနှင့် အမှတ်တရလက်မှတ် ရေးထိုးပြီး အခွေရောင်းချပေးသွားမှာဖြစ်ကြောင်း၊ရောင်းရငွေ များကို လည်းမိဘမဲ့ကလေးများအား လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။