images
UN
UN
ငါမုန်းတဲ့အက္ခရာ ရိုက်ကွင်းဖျက်ခဲ့မှုကြောင့် ငွေကျပ်သိန်း၁ဝဝ လျော်လိုက်ရတဲ့ ရွှေမှုံရတီ
ကိုလင်း Thursday, 08 November 2018
သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရွှေမှုံရတီကတော့ လတ်တလော မှာ ချစ်ရသူနဲ့လက်ထပ်တော့မှာမို့ မင်္ဂလာကိစ္စတွေနဲ့အလုပ်များနေပါ တယ်။လူမှုကွန်ရက် စာမျက်နှာ ထက်တွေမှာလည်း လတ်တလော မှာတော့ ရွှေမှုံရတီကရိုက်ကွင်း ဖျက်ခဲ့တာကြောင့် သူမနဲ့ ရိုက် ကူးမယ့်'ငါမုန်းတဲ့ အက္ခရာ' ဇာတ်ကားကို မင်းသမီးပြောင်းခဲ့ တယ်လို့ သတင်းတွေထွက်ပေါ် လာသလို အဲဒီပျက်ကွက်မှုကြောင့် လည်းလျော်ကြေးငွေကျပ်သိန်း၁ဝဝ ပေးလျော်လိုက်တယ်လို့ သိရပါ တယ်။
ထွက်လာတဲ့သတင်းနဲ့ပတ် သက်ပြီးတော့လည်း ရွှေမှုံရတီက သူမရဲ့ Acc My Day မှာပြန်လည် ဖြေရှင်းထားခဲ့တာတွေ့ရပါတယ်။
သရုပ်ဆောင်အဆိုတော်တစ်ဦး ဖြစ်တဲ့ယုန်လေးက အင်တာဗျူး တစ်ခုရဲ့အောက်မှာသူမရဲ့အကြောင်း ကို ရေးသားထားတာကြောင့် ရွှေမှုံရတီကချက်ချင်း ပြန်လည်ဖြေ ရှင်းခဲ့တာတွေ့ရပါတယ်။''ရိုက် ရက်ပြန်ပေးမယ်လို့ ညှိပေမယ့် အဆင်မပြေခဲ့တာကြောင့် အခုလို လျော်ကြေးငွေပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ သူတို့ဘက်က လုံးဝ မရိုက်တော့ဘူး။ ကုန်ကျစရိတ်တွေ အားလုံးကိုလျော်ပေးပါဆိုလို့ သိန်း ၁ဝဝ ကျော် ဘာပြဿနာမှမရှာဘဲ တောင်းသလောက် ပြန်လျော်ပေး လိုက်ပါတယ်''လို့သူမကရေးသား ထားပါသေးတယ်။
ဒါရိုက်တာညွန့်မြန်မာညီညီ အောင်ကလည်း နောက်နောင်သူမ နှင့် မရိုက်တော့ဘူး။ ဒီကိစ္စနဲ့ပတ် သက်ပြီးမမေးပါနဲ့လို့ ရေးသား ထားတာကိုလည်း သိရပါတယ်။
'ငါမုန်းတဲ့ အက္ခရာ' ဇာတ် ကားကို သရုပ်ဆောင် ခင်ဝင့်ဝါနှင့် ပြောင်းလဲရိုက်ကူးမည်ဖြစ်ကြောင်း သိရပါတယ်။