images
UN
UN
ပန်းရဲ့လမ်းလူမှုကွန်ရက်အဖွဲ့မှ ပဲ့ကိုင်သူတေးရေးတေးဆို ကိုသားထွေး ကွယ်လွန်
မောင်စိန်ဝင်း Thursday, 08 November 2018
ဂီတနှင့်ရန်ပုံငွေရှာဖွေသည့် ပန်းရဲ့လမ်းလူမှုကွန်ရက်အဖွဲ့မှပဲ့ ကိုင်သူတစ်ဦးဖြစ်သော တေးရေး၊ တေးဆို ကိုသားထွေး (၅၆နှစ်)မှာ ရန်ကုန်မြို့ အောင်ရတနာ ဆေးရုံ၌ အသည်းရောဂါဝေဒနာကို ဆေး ကုသမှုခံယူနေရင်းနိုဝင်ဘာ ၆ရက် နံနက် ၆ နာရီ ၅၅ မိနစ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရ သည်။
တေးရေး၊တေးဆိုကိုသားထွေး ကွယ်လွန်ချိန်တွင် အသက် ၅၆ နှစ်အရွယ်ရှိပြီး ၄င်း၏ ဂီတ ဖြတ်သန်းမှုများအနေဖြင့် တစ် ကိုယ်တော်တေးစီးရီးခွေများအဖြစ် ၁၉၈၅ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ပျိုး၊ အတူတူနေချင်တယ်၊ အချစ်မဲ့ သဘော(မဇ္ဈိမလှိုင်း)၊ မနွမ်းပန်း (မဇ္ဈိမလှိုင်း)တို့ထွက်ရှိခဲ့ကာစုပေါင်း တေးစီးရီးအနေဖြင့် ကမ္ဘာကုန် ကျယ်သရွေ့စီးရီး(ခင်မောင်တိုး၊ စိုးပိုင်၊ ကိုရဲလွင်၊ ခိုင်ထူး၊ သား ထွေး)တွင် ပါဝင်သီဆိုခဲ့ကြောင်း သိရသည်။ တေးရေး၊တေးဆို ကိုသားထွေးသီဆိုသောတေးသီချင်း များဖြစ်သည့် ပျိုး၊ ရွာအဝင်၊ နှင်း၊ အမျှမေတ္တာဝေ၊ အရိုးဆုံးလှည့် ကွက်၊ ချစ်ရတဲ့သူနှင့်ငြိမ်းချမ်းရေး ဆုတောင်း သီချင်းတို့မှာ အထူး ထင်ရှားခဲ့ပြီး ၄င်းရေးသားပြီး အဆိုတော်သျှိုင်းအောင်သီဆိုထား သော ချစ်ရတဲ့သူသီချင်းမှာလည်း လူကြိုက်အလွန်များခဲ့ကာ Usher၊ မဇ္စျိမလှိုင်း၊ Vertical Vibration နှင့် ပန်းရဲ့လမ်းတို့ဖြင့် တွဲဖက်တီး ခတ်သီဆိုခဲ့ကြောင်းလည်း သိရ သည်။
၁၉၉ဝပြည့်နှစ် ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်းများသီဆိုပေးခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင်လွတ်လပ်၊ ငြိမ်းချမ်း ပန်း ရဲ့လမ်းလူမှုကွန်ရက်ကို ပန်းရဲ့လမ်း လူမှုကွန်ရက် ခေါင်းဆောင်ဖြစ် သော ဂီတနယ်ပယ်အတွင်း နှစ် ပေါင်း ၅ဝ ကျော်ရှင်သန်နေထိုင်ခဲ့ သည့်ဦးရဲလွင်(မဇ္ဈိမလှိုင်း)နှင့်အတူ ဖွဲ့စည်းထူထောင်ကာ ငြိမ်းချမ်းရေး ကို အစဉ်တောင်းဆိုလှုပ်ရှားခဲ့ပြီး စစ်ဘေးရှောင်များအတွက် မြန်မာ ပြည်အနှံ့ဂီတဖြင့် လှည့်လည် ဖျော်ဖြေကာ ရန်ပုံငွေရှာဖွေ ပေး ခဲ့ကြောင်းလည်း သိရသည်။
တေးရေး၊တေးဆို ကိုသား ထွေး၏ရုပ်ခန္ဓာအား နာရေးကူညီမှု အသင်း(ရန်ကုန်)ဥက္ကဋ္ဌဦးကျော်သူ က နိဗ္ဗာန်ယာဉ်မောင်းနှင်၍ရေဝေး သုသာန်အအေးခန်းသို့ ပို့ဆောင် ကူညီခဲ့ကြောင်းသိရပြီးကိုသားထွေး သည် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ဂုဏ်ထူးဆောင်အသင်း သားတစ်ဦးလည်း ဖြစ်ကာ ၄င်း၏ ဈာပနအခမ်းအနား ကို နိုဝင်ဘာ ၈ ရက်မွန်းလွဲ ၃ နာရီတွင် ရေဝေး သုသာန်၌မီးသဂြုင်္ိဟ်၍ အရိုးပြာ များကိုဂူသွင်းသွားမည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သိရသည်။
ဂီတနယ်ပယ်အတွင်းနှစ်ပေါင်း ၅ဝကျော်ရှင်သန်နေထိုင်ခဲ့သည့် ပန်းရဲ့လမ်း လူမှုကွန်ရက်ခေါင်း ဆောင်ဖြစ်သော ဦးရဲလွင် (မဇ္ဈိမ လှိုင်း)မှာလည်း ရန်ကုန်မြို့  မင်းရဲ ကျော်စွာလမ်းရှိ ခုတင်၅ဝဝ ဆေးရုံ အသည်းကုသဆောင်၌ အသည်း ရောဂါ ဝေဒနာအားကုသမှုခံယူ နေရင်း ပြီးခဲ့သည့် ဇူလိုင် ၁ဝရက် (အသက် ၇ဝ နှစ်နှင့်၆ လ) ညနေ ၄ နာရီ ၁ဝ မိနစ်တွင် ကွယ်လွန် သွားခဲ့ကြောင်း သိရသည်။