images
UN
UN
စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်များဖမ်းဆီးရမိ
ထွန်းလှ(ဒလ) Thursday, 08 November 2018
ဒလမြို့နယ် ကမာကဆစ်ရပ် ကွက်တွင် ယမန်နေ့က စိတ်ကြွ ရူးသွပ်ဆေးပြား ၃၁၇ ပြား၊ ဘိန်းဖြူ၊ ဆေးခြောက်နှင့် ဆက်စပ် သုံးစွဲကိရိယာများ၊ မူးယစ်ဆေးဝါး ရောင်းချရငွေများ၊ လက်ကိုင်ဖုန်း သုံးလုံး၊ ဓားလက်နက်များနှင့်အတူ လူငါးဦးကို ဖမ်းဆီးရမိကြောင်း မြို့မရဲစခန်းမှသိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု(၄ဝ) မှ ဒုရဲမှူးစိုးနိုင် ဦးစီးသည့်ရဲတပ် ဖွဲ့ဝင်များ၊ ဒလမြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်သက်နိုင်အေး နှင့်တပ်ဖွဲ့ဝင်များ၊ အသိသက်သေ ကမာကဆစ်ရပ်ကွက် အုပ်ချုပ်ရေး မှူး ဦးသိန်းဟန်တို့သည် ဗိုလ်မင်း ရောင်လမ်းနေ အောင်တင်ဇော်(၅ဝ နှစ်)၏ နေအိမ်ခန်းအတွင်း မူးယစ် ဆေးဝါးရောင်းချသုံးစွဲနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ သည်။
ယင်းအခန်း၌ ပိုင်စိုး(၂၃နှစ်) ဘုရင့်နောင်ရပ်ကွက် ဒလမြို့၊ ကို ကိုအောင်(၂၄နှစ်) ဝန်ထမ်းအိမ်ရာ ရပ်ကွက် ဒလမြို့၊ ထက်ဇော်(၂၃ နှစ်)ကမာကဆစ် ဒလမြို့၊ ဇင်မင်း ဦး(၂၄နှစ်)လသာမြို့နယ် ရန်ကုန် မြို့နေသူတို့အား တွေ့ရှိပြီး အခန်း အတွင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ သည်။
ယင်းသို့ရှာဖွေရာတွင်ျွှ့ စာတန်းပါ ပန်းရောင်စိတ်ကြွဆေး ပြား ၁၂၃ ပြားပါတစ်ဘူး၊ အပြာ ရောင်ပလတ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်လျက်ျွှ့စာတန်းပါ ပန်း ရောင်စိတ်ကြွဆေးပြား ၁၉ဝ၊ အ စိမ်းရောင် သုံးပြား ပေါင်း၁၉၄ ပြားပါ တစ်ဘူး။ ပင်နီဆီလင်ပု လင်းများဖြင့်ထည့်လျက် တစ်ပု လင်းလျှင် သုည ဒသမ ၃ ဂရမ် စီပါ ငါးပုလင်းပေါင်း ဘိန်းဖြူ မှုန့်အလေးချိန် ၁ ဒသမ ၅ ဂရမ်၊ အရိုးအရွက်အစေ့ရောရာ ဆေး ခြောက်အလေးချိန်ခြောက်ဂရမ်ပါ တစ်ဘူး၊ ငွေကျပ်နှစ်သောင်း၊ ဆင်းကတ်ပါ လက်ကိုင်ဖုန်း သုံး လုံးတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိသည်။
အဆိုပါအခန်း၌ဆက်လက်ရှာ ဖွေရာ မူးယစ်ဆေးဝါးသုံးရာတွင် အသုံးပြုသော အပေါက်ဖောက်ပြီး ပိုက်တပ်ထားသည့် ဘူးတစ်ဘူး၊ ပိုက်တို နှစ်ချောင်း၊ ခဲပတ်စသုံးခု၊ ဂက်စ်မီးခြစ်နှစ်လုံး၊ အရိုးအသွား လက်မ ၂ဝ ရှိဓားဦးချွန်တစ်ချောင်း၊ အရိုးအသွား ၁၅ လက်မရှိဓားဦး ချွန်တစ်ချောင်း၊ အရိုးအသွား ၁၂ လက်မ ဓားဦးချွန်တစ်ချောင်း သိမ်းဆည်းရမိသဖြင့်မူးယစ်တပ်ဖွဲ့ (၄ဝ)ရန်ကုန်မြောက်ပိုင်းခရိုင် ရဲ အုပ်မျိုးသန့်က မယ(ပ)၅ဝ/ ၂ဝ၁၈၊ မူး/စိတ် ပုဒ်မ ၁၉(က)၊ ၂ဝ(က)/၂၂(ခ)/၂၁ အရ အမှုဖွင့် လှစ်ပြီးအမှုစစ်ဒုရဲအုပ်ကျော်ကျော် က စစ်ဆေးလျက်ရှိသည်။