images
UN
UN
ကျောက်စိမ်းစေတီတော်အား ရန်ကုန်-မန္တလေးအမြန်လမ်းအနီးမှ ချဉ်းကပ်လမ်းဖောက်လုပ်ပေးရန် ဘုရားဖူးများလိုလား
Thursday, 08 November 2018
ကမ္ဘာ့ပထမဆုံး ဝေရောစန ကျောက်စိမ်းစေတီတော်အား ရန်ကုန်-မန္တလေးအမြန်လမ်းဘေး မန္တလေးမြို့ အမရပူရမြို့နယ် ဆင်ရွာမြင်းမှူးရွာအနီးတွင် တည် ရှိပြီး စေတီတော်အားအမြန်လမ်း နှင့် တိုက်ရိုက်ချိတ်ဆက်၍ သွား လာဖူးမြော်နိုင်ရန်အတွက် ချဉ်း ကပ်လမ်းဖောက်လုပ်ရေးကိုဘုရား ဖူးလာပြည်သူများအနေဖြင့်လိုလား နေကြောင်း စုံစမ်းသိရှိရသည်။
ကမ္ဘာ့ပထမဆုံး ဝေရောစန ကျောက်စိမ်းစေတီတော်သို့ အမြန် လမ်းမှ တိုက်ရိုက်ချိတ်ဆက်သော လမ်းမှာ အကွာအဝေးအားဖြင့် ပေ ၁ဝဝခန့်သာရှိမည်ဖြစ်သောကြောင့် လမ်းဖောက်လုပ်ခွင့်ရပါက ပြည် တွင်း/ပြည်ပအနယ်နယ်အရပ်ရပ် မှဘုရားဖူးပြည်သူများနေ့စဉ်လာ ရောက်ဖူးမြော်လျက်ရှိကြရာ စေတီ တော်သို့ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးမှ အဝင်ချိတ်ဆက် လမ်းမရှိသဖြင့် ဘုရားဖူးလာ ရောက်ကြသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအနေဖြင့် (ဆေးအိုးဘိုအဝိုင်း)မှပတ်၍စေတီ တော်သို့ အသွားအပြန် ၁၃ မိုင် ကျော် ပို၍မောင်းနှင်နေရသည့် အတွက် နေ့စဉ်ဘုရားဖူးလာ ရောက်ကြသည့် ကားအစီးရေ ၅ဝဝဝ နှင့် ဆိုင်ကယ်အစီးရေ ၃ဝဝဝကျော်ခန့်လာရောက်ဖူးမြော် လျက်ရှိရာ ကားတစ်စီးလျှင်ဆီဖိုး အပိုကုန်ကျငွေကျပ် ၁၂ဝဝနှုန်း ခန့်နှင့် ဆိုင်ကယ်တစ်စီးလျှင်ကျပ် ၅ဝဝနှုန်းခန့်ကုန်ကျလျက်ရှိရာ စုစု ပေါင်းတစ်နေ့လျှင် ကျပ် ၇၅သိန်း ခန့်ကုန်ကျလျက်ရှိသည့်အတွက် ဘုရားဖူး(အများပြည်သူ)များ အနေ ဖြင့် အချိန်နှင့်ငွေကြေးများ ဝန်ထုပ် ဝန်ပိုးဖြစ်မည့်အပေါ်သက်သာသွား မည်ဖြစ်ကြောင်း၊အခါကြီးရက်ကြီး နေ့များတွင် အမြန်လမ်းမှစေတီ တော်သို့ လမ်းမရှိပါသဖြင့် စစ်ကိုင်း မြစ်ငယ်လမ်းတွင် ယာဉ်ကြော ပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ် လျက်ရှိကြောင်း စေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။