images
UN
UN
နှစ်ပတ်လည်နေ့အထိမ်းအမှတ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
ကိုကိုနိုင်(မိုင်းယု) Thursday, 08 November 2018
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်မိုင်းယုမြို့နှစ်(၃ဝ) မြောက်နှစ်ပတ်လည်နေ့ အထိမ်း အမှတ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဖလားအမျိုးသားဘောလုံး ပြိုင်ပွဲတတိယ ဗိုလ်လုပွဲနှင့် ဆု ပေးအပ်ချီးမြှင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီက မြို့မရပ်ကွက် ထေရဝါဒကျောင်းအနီးရှိ အား ကစားကွင်း၌ ကျင်းပခဲ့သည်။
ပထမပွဲစဉ် တတိယနေရာလု ပွဲတွင် နယ်ခြားတပ်အသင်းက နဂါးနှစ်ကောင်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် နယ်ခြားတပ်အသင်းက တတိယနေရာကိုလည်းကောင်း၊ ဒုတိယပွဲစဉ်ဗိုလ်လုပွဲတွင် ကော် ဆမ်မိန်းအသင်းက ဆရာများ အသင်းကိုသုံးဂိုး၊ နှစ်ဂိုးပင်နယ်တီ အဆုံးအဖြတ်ဖြင့် ကော်ဆမ်မိန်း အသင်းက ပထမနေရာနှင့် ဆရာ များအသင်းက ဒုတိယနေရာတို့ကို လည်းကောင်း အသီးသီးရရှိခဲ့ပြီး ဆုရရှိသောအသင်းများနှင့် ပြိုင်ပွဲ အသင်းများအား တက်ရောက်လာ သော မိုင်းယုမြို့ ကော်ဟိုလွယ် ခေတ္တတပ်စခန်းမှ ဒုတိယဗိုလ်မှူးကြီး ကျော်လင်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်စွာ၊ အမှတ် (၁ဝဝ၈) နယ်ခြားတပ်ရင်းမှ တပ်မှူးဗိုလ်မှူး လုတ်ချာနှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများမှ ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ နှစ်(၃ဝ)မြောက် နှစ် ပတ်လည်နေ့အထိမ်းအမှတ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနဖလား အမျိုးသားဘောလုံးပြိုင်ပွဲတွင် ထွေ/အုပ်၊ နဂါးနှစ်ကောင်၊ ပညာ ရေး၊ နယ်ခြားတပ်၊ ရဲတပ်ဖွဲ့၊ မိုင်းယောင်း၊ ကျောင်းဆရာများ၊ ခါဆမ်မိန်း၊ ပူးပေါင်းဂိတ်နှင့် အိုးဆားဗစ်အသင်းဟူ၍ အသင်း ၁ဝသင်းပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြ ကြောင်း သိရသည်။