images
UN
UN
လူကုန်ကူးမှု ဒုတိယအများဆုံးဖြစ်ပေါ်နေသည့်ဒေသမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်
NG Thursday, 08 November 2018
မြန်မာနိုင်ငံအတွင်း၌ လူကုန် ကူးမှု ဒုတိယအများဆုံးဖြစ်ပေါ် လျက်ရှိသောဒေသမှာ ရန်ကုန်တိုင်း ဒေသကြီးဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။
ပြီးခဲ့သည့် ၁ဝလအတွင်း မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပေါ်ခဲ့ သည့် လူကုန်ကူးမှုဖြစ်စဉ်များအား ခွဲခြမ်းလေ့လာကြည့်ပါက ရှမ်း ပြည်နယ်သည် လူကုန်ကူးမှုအများ ဆုံးဖြစ်ပေါ်သည့် ဒေသဖြစ်ခဲ့ကာ ဒုတိယနေရာ၌ ရန်ကုန်တိုင်းဒေသ ကြီး၊ တတိယနေရာ၌ မန္တလေး တိုင်းဒေသကြီး၊ စတုတ္ထနေရာ၌ ကချင်ပြည်နယ်တို့က အစဉ်အလိုက် ရပ်တည်ခဲ့ကြောင်း တွေ့ရှိခဲ့ရ သည်။ ဖြစ်ပွားခဲ့သည့် လူကုန်ကူး မှုများထဲတွင် ပြည်ပနိုင်ငံများသို့ ရောင်းချမှုများသာမက ပြည်တွင်း ၌ အတင်းအကျပ်ခိုင်းစေရန် ရည် ရွယ်သော လူကုန်ကူးမှုများလည်း ပါဝင်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ပြီးခဲ့သည့် ၁ဝလအတွင်း လူကုန် ကူးခံရသူ ၁၇၇ဦးရှိခဲ့ကာ လူကုန် ကူးမှုကျူးလွန်ခဲ့သည်ဟု ယူဆရ သူ ၅ဝ၂ဦးအား ဖမ်းဆီးထိန်းသိမ်း ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ သည်။ လူကုန်ကူးသူများ၏ သွေး ဆောင်မှုခံရသူ ၂၇၇ဦးအား ကယ် တင်နိုင်ခဲ့ကြောင်းလည်း အတည် ပြုထားသည်။ ၂ဝဝ၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သော လူကုန်ကူးမှုတိုက် ဖျက်ရေးဥပဒေအရ အမျိုးသမီး များ သို့မဟုတ် ကလေးငယ်များ ကို လူကုန်ကူးသူများသည် အနည်း ဆုံး ထောင်ဒဏ် ၁ဝနှစ်မှ အများ ဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်ခံရမည်ဖြစ်သည်။