images
UN
UN
မျက်လုံးသာပေါ်သော ဝတ်ရုံများ ဝတ်ဆင်ခြင်းကို တားမြစ်ရန် အီဂျစ်ပြင်ဆင်
Thursday, 08 November 2018
အီဂျစ်အစိုးရသည် အစ္စလာမ်ဘာသာ ဝင်အမျိုးသမီးများ ဝတ်ဆင်လေ့ရှိသော မျက်လုံးသာပေါ်သည့်ဝတ်ရုံများကို အများ ပြည်သူနှင့်ဆိုင်သည့်နေရာများတွင် ဝတ်ဆင် ခြင်းအား တားမြစ်ရန် ပြင်ဆင်လျက်ရှိ ကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။
အစ္စလာမ္မစ်နိုင်ငံတစ်နိုင်ငံဖြစ်သော အီဂျစ်သည် အစွန်းရောက်အစ္စလာမ္မစ်များ ၏ ခြိမ်းခြောက်မှုအန္တရာယ်ကြီးမားလာ ခြင်းကြောင့် အစ္စလာမ်အမျိုးသမီးများ ဝတ်ဆင်လေ့ရှိသည့် မျက်လုံးသာပေါ်သော ဝတ်ရုံများကို အများပြည်သူနှင့်ဆိုင်သော နေရာများ၌ ဝတ်ဆင်ခြင်းအား တားမြစ်ရန် စီစဉ်လာခြင်းဖြစ်သည်။ လက်ရှိအချိန်၌ မျက်လုံးသာပေါ်သော ဝတ်ရုံများဝတ်ဆင် ခြင်းကို တားမြစ်မည့်ဥပဒေကြမ်းအား ရေးဆွဲလျက်ရှိကာ တားမြစ်ချက်ကို ဖောက် ဖျက်သူများအား အနိမ့်ဆုံးပြစ်ဒဏ်အဖြစ် အမေရိကန်ဒေါ်လာ ၅၆ဒေါ်လာနှင့် ညီမျှ သော ဒဏ်ငွေချမှတ်မည်ဖြစ်သည်။
NG(Ref; AP)