images
UN
UN
မောင်းသူမဲ့ကားများဖြင့် အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်နိုင်ဟု သတိပေး
Thursday, 08 November 2018
အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ရပ် အတွင်း၌ မောင်းသူမဲ့ကားများ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေခြင်းများ သည် အနာဂတ်တွင် ထိခိုက်ဆုံးရှုံးမှုကြီးမားနိုင်သော ဖြစ်စဉ်များတိုးပွား လာစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်နိုင်ကြောင်း ဖော်ပြသည်။
အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ပညာရှင်များသည် မောင်းသူမဲ့ကားများ ကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို လေ့လာသည့်သုတေ သနတစ်ရပ်ပြုလုပ်ခဲ့ရာတွင် မောင်းသူမဲ့ကားများကို အသုံးပြုကာ လူနေ ထူထပ်သည့်နေရာများတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ မောင်းသူမဲ့ကားများအား ပြည့်တန်ဆာများဖြင့် ပျော်ပါးနိုင်သည့်နေရာ များအဖြစ် အသုံးပြုခြင်းကဲ့သို့ ဆိုးရွားသည့်ရလဒ်များ ဖြစ်ပေါ်လာနိုင် ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ဖြစ်ပေါ်နေသော အကြမ်း ဖက်တိုက်ခိုက်မှုများသည် အသေခံဗုံးခွဲမည့်သူကဲ့သို့ လူသားအရင်းအမြစ် များကို အသုံးပြုနေခြင်းဖြစ်ကာ မောင်းသူမဲ့ကားများ ပေါ်ထွက်လာပါက လူသားများ၏နေရာတွင် မောင်းသူမဲ့ကားများကို အစားထိုးသုံးစွဲနိုင်မည် ဖြစ်သောကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
NG(Ref; Dailymail)