images
UN
UN
ဒီပါဝလီပွဲတော်ကျင်းပပြီးနောက်တွင် ဒေလီမြို့၏ လေထုညစ်ညမ်းမှုအခြေအနေ စိုးရိမ်ဖွယ်အနေအထားရောက်
Thursday, 08 November 2018
ဟိန္ဒူဘာသာဝင်များ၏ မြင့်မြတ်သည့် ဘာသာရေးပွဲတော်တစ်ခုဖြစ်သော ဒီပါဝလီ ပွဲတော်ကျင်းပပြီးနောက်တွင် အိန္ဒိယနိုင်ငံ အတွင်းရှိ မြို့ကြီးများ၌ လေထုညစ်ညမ်းမှု များ တိုးပွားလာခဲ့ပြီး ဒေလီမြို့၏ လေထုညစ် ညမ်းမှုအခြေအနေမှာ စိုးရိမ်ဖွယ်အနေအထား သို့ရောက်ရှိလာကြောင်း ဘီဘီစီသတင်းဌာန က ဖော်ပြသည်။
ဘုရားသခင်က မိစ္ဆာများအား အောင်နိုင် ခြင်းအထိမ်းအမှတ်အဖြစ် ကျင်းပသော ဒီပါ ဝလီပွဲတော်သည် အိန္ဒိယနိုင်ငံအတွင်း၌ ကျင်းပလေ့ရှိသော ပွဲတော်များထဲ၌ အကြီး ကျယ်ဆုံးပွဲတော်တစ်ခုဖြစ်သည်။ ပွဲတော် ကျင်းပသည့်အချိန်အတွင်း၌ မီးရှူးမီးပန်းများ ထွန်းညှိပစ်ဖောက်ရာမှတစ်ဆင့် ထွက်ပေါ်လာ သော မီးခိုးများကြောင့် ဒေလီအပါအဝင် မြို့ ကြီးများ၌ လေထုညစ်ညမ်းမှုအခြေအနေ တိုး ပွားလာခဲ့ခြင်းဖြစ်သည်။ အိန္ဒိယတရားရုံးချုပ် နှင့် အုပ်ချုပ်ရေးပိုင်းက ပွဲတော်ကျင်းပသည့် အချိန်အတွင်း၌ မီးရှူးမီးပန်းပစ်ဖောက်ခြင်း ကို ခွင့်ပြုထားသည့်အချိန် နှစ်နာရီအတွင်း၌သာ ပြုလုပ်ရန် အမိန့်ထုတ်ခဲ့သော်လည်း လိုက်နာ မှုအားနည်းခြင်းကြောင့် လေထုညစ်ညမ်းမှု တိုးပွားစေသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ ဒေလီမြို့သည် ကမ္ဘာပေါ်ရှိ မြို့ကြီး များထဲ၌ လေထုညစ်ညမ်းမှုအများဆုံးဖြစ်ပေါ် နေသည့်မြို့တစ်မြို့အဖြစ် ရပ်တည်နေကာ လက်ရှိအချိန်၌ အနီရောင်အဆင့်သို့ ရောက်ရှိ နေသည်။ NG(Ref; BBC)