images
UN
UN
အုပ်စုအဆင့်မှတက်ရန် ချိန်သားကိုက်စွမ်းဆောင်နိုင်ခဲ့ဟု မန်ယူနည်းပြပြောကြား ချန်ပီယံလိဂ်အိမ်ကွင်းအုပ်စုပွဲများတွင် ကိုးနှစ်ကြာ မရှုံးသည့်စံချိန်ကို ဂျူဗင်တပ်စွန့်လွှတ်ခဲ့၇
Thursday, 08 November 2018
မန်ယူနည်းပြမော်ရင်ဟိုက ဂျူ ဗင်တပ်နှင့်ယှဉ်ပြိုင်ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင်အနိုင်ရရှိခဲ့ ခြင်းကြောင့် အုပ်စုအဆင့်မှ တက် ရောက်ရန်အတွက် ချိန်သားကိုက် စွမ်းဆောင်နိုင်ခဲ့ကြောင်းပြောသည်။
မန်ယူသည် ဂျူဗင်တပ်အား အနိုင်ရရှိခဲ့ခြင်းကြောင့် ယခုလ ၂၇ ရက်တွင် အိမ်ကွင်း၌ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ် ပြိုင်ကစားမည့် ယန်းဘွိုင်းစ်နှင့်ပွဲ တွင် အနိုင်ရရှိမည်ဆိုပါကရှုံးထွက် အဆင့်သို့ လွတ်လွတ်ကျွတ်ကျွတ် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ မော်ရင်ဟိုက ''ကျွန်တော်တို့ဂျူဗင် တပ်နဲ့ကစားမယ့်ကွင်းဆီကိုရောက် ဖို့ သတ်မှတ်ချိန်ထက် နောက်ကျ ခဲ့ပေမယ့် ပွဲချိန်အမီရောက်ရှိခဲ့ပါ တယ်။ အဲဒီလိုပဲ ချန်ပီယံလိဂ်ပြိုင် ပွဲမှာအုပ်စုအဆင့်ကတက်ဖို့အတွက် ချိန်သားကိုက်စွမ်းဆောင်နိုင်ခဲ့တယ် လို့ယုံကြည်ပါတယ်။ အုပ်စုနောက် ဆုံးပွဲကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်သလို ယန်းဘွိုင်းစ်ကိုနိုင်ခဲ့မယ် ဆိုရင် ဘာကိုမှကြည့်စရာမလိုဘဲ ရှုံးထွက်အဆင့်ကိုရောက်မှာဖြစ်ပါ တယ်။ ဂျူဗင်တပ်နဲ့ပွဲဟာ အရမ်း ကောင်းတဲ့ပွဲဖြစ်ခဲ့ပါတယ်။ဦးဆောင် ဂိုးပေးခဲ့ရပေမယ့် ပွဲချိန်နောက်ဆုံး ငါးမိနစ်ဟာ ကျွန်တော်တို့အတွက် ဖြစ်ခဲ့ပါတယ်။ ဂျူဗင်တပ်အသင်း နဲ့ပတ်သက်တဲ့အရာအားလုံးကို ကျွန်တော်လေးစားမှုရှိပါတယ်။ ဒါ ကြောင့် ဒီနေ့ပွဲမှာ အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ကျွန်တော့် ကစားသမားတွေအတွက် ဂုဏ်ယူ ကြောင်းပြောလိုပါတယ်။အိမ်ကွင်း ကစားပုံမာကျောသလို ထိပ်တန်း အသင်းတစ်သင်းလည်းဖြစ်တဲ့ ဂျူ ဗင်တပ်ကို နိုင်ခဲ့တာဟာကျွန်တော် တို့အတွက် သုံးမှတ်ထက်ပိုတဲ့ အောင်ပွဲမျိုးရခဲ့တာပါ''ဟု ပြော သည်။
ဂျူဗင်တပ်သည် မန်ယူအား ရှုံးနိမ့်ခဲ့ခြင်းကြောင့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များတွင် ကိုးနှစ်ကြာ မရှုံးသည့်စံချိန်ကို လက်လွှတ်ခဲ့ရ သည်။ ထို့ပြင် မန်ယူသည် ဂျူ ဗင်တပ်အား အနိုင်ရခဲ့ခြင်းကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အခြားပြိုင်ပွဲ များထက် ဂျူဗင်တပ်အားအနိုင်ပိုရ သည့် စံချိန်ကိုပိုင်ဆိုင်ခဲ့သည်။ မန်ယူသည်နောက်ဆုံးပွဲချိန်ငါးမိနစ် အတွင်း နှစ်ဂိုးသွင်းကာ အနိုင်ရခဲ့ ခြင်းကြောင့် ၁၉၉၉ ခုနှစ်က ဘိုင် ယန်မြူးနစ်အား အနိုင်ရခဲ့သည့်ပွဲ နောက်ပိုင်းတွင် နောက်ဆုံးပွဲချိန် ငါးမိနစ်အတွင်း နှစ်ဂိုးသွင်းကာ ပထမဆုံးအကြိမ်နိုင်ပွဲပြန်ရသည့် စံချိန်ကိုလည်းပိုင်ဆိုင်ခဲ့သည်။
Ref ;Football Italia