images
UN
UN
လေ့ကျင့်မှုပိုလုပ်၍ ဖရီးကစ်မှဂိုးများပိုရလာဟု မာတာပြောကြား
Thursday, 08 November 2018
ဂျူဗင်တပ်နှင့်ယှဉ်ပြိုင်ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ဖရီး ကစ်မှတစ်ဆင့် မန်ယူအတွက် ချေပဂိုးသွင်းယူပေးခဲ့သော ကွင်း လယ်ကစားသမားမာတာက ဖရီးကစ်လေ့ကျင့်ခန်းများ ပိုမိုပြုလုပ်ခဲ့ ခြင်းကြောင့် ပြီးခဲ့သည့်ပွဲစဉ်များ၌ ဖရီးကစ်မှတစ်ဆင့် ဂိုးများပိုမို သွင်းယူလာနိုင်ခြင်းဖြစ်ကြောင်းပြောသည်။ မာတာက ''လေ့ကျင့် ရေးကွင်းမှာ ကျွန်တော်ဟာ အသင်းရဲ့ဂိုးနည်းပြနဲ့အတူ ဖရီးကစ် လေ့ကျင့်ခန်းတွေကို အချိန်ပိုပေးပြီး လုပ်ဖြစ်ခဲ့တာကြာပါပြီ။ ဒါ ကြောင့်လည်း ဂျူဗင်တပ်နဲ့ပွဲကလို အရေးကြီးတဲ့အချိန်မှာ ဖရီးကစ် ကနေ ဂိုးသွင်းနိုင်ခဲ့တာပါ''ဟုပြောသည်။
Ref ;Manchester Evening News