images
UN
UN
ဒေါ့မွန်နှင့်ကစားရမည့်ပွဲအတွက် ဘိုင်ယန်ဥက္ကဋ္ဌစိုးရိမ်
Thursday, 08 November 2018
ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ အူလီဟိုးနက်စ်က ဘွန်ဒက်စ် လီဂါပွဲစဉ်အဖြစ် ဒေါ့မွန်အသင်း၏ အိမ်ကွင်းသို့သွားရောက်ကစား ရမည့်ပွဲစဉ်အတွက် စိုးရိမ်ကြောင်းပြောသည်။ ဒေါ့မွန်သည် လက်ရှိ အချိန်၌ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိကာ ဘိုင်ယန်မြူးနစ်သည် ဒေါ့မွန်နှင့် လေးမှတ်ကွာဟလျက်ရှိကာ အမှတ် ပေးဇယားတွင် အဆင့် ၃ နေရာသို့ရောက်ရှိလျက်ရှိသည်။ အူလီ ဟိုးနက်စ်က ဒေါ့မွန်နှင့်ကစားရမည့်ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်သည် အောက်အသင်းအဖြစ်သာ ယှဉ်ပြိုင်ကစားရမည်ဟု ပြောသည်။
Ref ;Bild