images
UN
UN
၂ဝ၁၈ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဂိုးသမားအဖြစ် အလစ်ဆန်သတ်မှတ်ခံရ
Thursday, 08 November 2018
လီဗာပူးဂိုးသမား အလစ်ဆန် သည်၂ဝ၁၈ခုနှစ်အတွက်အကောင်း ဆုံးဂိုးသမားအဖြစ်သတ်မှတ်ခံခဲ့ရ ကြောင်း အေအက်ဖ်ပီသတင်းဌာန ကဖော်ပြသည်။
ဥရောပအားကစားကလောင် ရှင်များနှင့် ဘောလုံးရေးရာဝေဖန် သုံးသပ်သူများက ရွေးချယ်ခဲ့သော ၂ဝ၁၈ ခုနှစ်အတွက်အကောင်းဆုံး ဂိုးသမားများစာရင်းတွင် အလစ် ဆန်သည် အဆင့် ၁ နေရာ၌ ရပ် တည်နိုင်ခဲ့ခြင်းဖြစ်သည်။ ဘရာဇီး လက်ရွေးစင်တစ်ဦးဖြစ်သောအလစ် ဆန်သည် ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့အတွင်း၌ ရိုးမားမှ လီဗာပူးသို့ ပြောင်းရွှေ့ကြေးပေါင် ၅၆ သန်းဖြင့်ပြောင်းရွှေ့လာခဲ့သူ လည်းဖြစ်သည်။
Ref ;AFP