images
UN
UN
ရလဒ်ကောင်းများပိုင်ဆိုင်နေခြင်းအပေါ် သာယာနေမည်မဟုတ်ဟုဆိုလာရီပြောကြား
Thursday, 08 November 2018
ရီးရဲလ်မက်ဒရစ်အသင်း၏ ယာယီနည်းပြအဖြစ် ခန့်အပ်ခံထား ရသော ဆိုလာရီက ရလဒ်ကောင်း များပိုင်ဆိုင်နေခြင်းအပေါ်သာယာ နေမည်မဟုတ်ဟုပြောသည်။
ဆိုလာရီသည်ရီးရဲလ်မက်ဒရစ် အရန်အသင်းအား ကိုင်တွယ်နေရာ မှတစ်ဆင့် လစ်လပ်သွားခဲ့သော ရီးရဲလ်မက်ဒရစ်အသင်းကြီးအား ယာယီနည်းပြအဖြစ် ကိုင်တွယ်ရန် တာဝန်ပေးခံရပြီးနောက် သုံးပွဲကိုင် တွယ်ခဲ့ရာတွင် သုံးပွဲလုံးအနိုင်ရရှိ အောင်စွမ်းဆောင်ပေးနိုင်ခဲ့သည်။ အဆိုပါပွဲစဉ်သုံးပွဲတွင်လည်းရီးရဲလ် မက်ဒရစ်သည် ၁၁ ဂိုးအထိသွင်း ယူနိုင်ခဲ့သည့်အပြင် ပေးဂိုးမရှိခဲ့ သည်အထိ စွမ်းဆောင်ရည်ကောင်း များပြသနိုင်ခဲ့သည်။ နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့သည့် ပါလ်ဇန်နှင့် ပွဲစဉ်တွင် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး နောက်တွင် ဆိုလာရီအားအမြဲတမ်း နည်းပြအဖြစ် ခန့်အပ်ဖွယ်ရှိသည် ဆိုသော သတင်းများထွက်ပေါ်လာ ခြင်းကြောင့် ဆိုလာရီက ရလဒ် ကောင်းများပိုင်ဆိုင်နေမှုအပေါ် သာယာနေမည်မဟုတ်ဟု ပြော ကြားခဲ့ခြင်းဖြစ်သည်။
Ref ;Sky Sports