images
UN
UN
ဝမ်းနည်းကြောင်းပြသသည့်ဂျာစီကို လက်စတာကစားသမားများဝတ်ဆင်ကစားမည်
Thursday, 08 November 2018
လက်စတာကစားသမားများ သည်ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ကွယ်လွန်သွားခဲ့သော အသင်းပိုင် ရှင်အတွက် ဝမ်းနည်းကြောင်းပြသ သည့်အနေဖြင့် ဘန်လေနှင့်ယှဉ် ပြိုင်ကစားမည့်ပရီးမီးယားလိဂ်ပွဲ စဉ်၌ အထူးသီးသန့်ထုတ်လုပ်ထား သောဂျာစီအင်္ကျီကိုဝတ်ဆင်ကစား မည်ဖြစ်ကြောင်းအသင်းပိုင်ဝက်ဘ် ဆိုက်ဒ်မှတစ်ဆင့်သတင်းထုတ်ပြန် သည်။
လက်စတာအသင်းပိုင်ရှင်သည် အောက်တိုဘာ ၂၇ ရက်တွင် အိမ်ကွင်းနှင့်ယှဉ်ပြိုင်ကစားခဲ့သော လက်စတာအသင်း၏ပွဲစဉ်အား ကြည့်ရှုပြီးနောက် အပြန်ခရီးတွင် ရဟတ်ယာဉ်ပျက်ကာကွယ်လွန် သွားခဲ့ခြင်းဖြစ်သည်။ လက်စတာ ကစားသမားများဝတ်ဆင်ကစား မည့်ဂျာစီအင်္ကျီပေါ်၌ အသင်းပိုင် ရှင်၏ အမည်ကို ရေးထားမည် ဖြစ်သည်။ ထို့ပြင် လက်စတာ ပရိသတ်များသည်လည်း ဘန်လေ နှင့်ကစားမည့်ပွဲမတိုင်မီ အသင်း ပိုင်ရှင်သေဆုံးမှုအတွက် ဝမ်းနည်း ကြောင်းပြသသည့်အခမ်းအနားများ နှင့်လှုပ်ရှားမှုများပြုလုပ်ရန်အသင်း တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး မှုများပြုလုပ်ပြီးနောက် ကြိုတင် ပြင်ဆင်လျက်ရှိကြောင်းသိရသည်။
Ref ;Daily Mail