images
UN
UN
မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာပွဲကျင်းပ
မင်းဇော်(မကွေး) Thursday, 08 November 2018
မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ အဋ္ဌမအကြိမ်မြောက် စုပေါင်းမဟာဘုံ ကထိန်ခင်းအလှူတော်မင်္ဂလာအခမ်းအနား ကို ယနေ့နံနက် ၇ နာရီမှ စတင်၍ မကွေး မြို့နယ် ရွာသစ်ကလေးကျေးရွာ အရှေ့ ဘက်သိမ်ကျောင်း၌ကျင်းပခဲ့ရာ ပင့်သံဃာ အပါး ၅ဝ အတွက်အလှူငွေကျပ် ငါး သိန်းခြောက်သောင်း၊ ကျောင်းတိုက် အုတ် တံတိုင်းအတွက် အလှူငွေကျပ်နှစ်သိန်း တစ်သောင်း၊ နဝကမ္မအတွက် အလှူငွေ ကျပ်ငါးသိန်း လှူဒါန်းဆက်ကပ်ခဲ့သည်။
အလှူတော်မင်္ဂလာအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့် ကော်မတီဝင်များ၊ မကွေးမြို့နယ်ပါတီ ဥက္ကဋ္ဌဦးအောင်သိန်း ကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများတက်ရောက်ကြောင်း သိရသည်။