images
UN
UN
ကျောက်ပန်းတောင်းမြို့တွင် တပ်မတော်ကိုအပြည့်အဝထောက်ခံကြိုဆိုကြောင်းနှင့် ပြင်ပစွက်ဖက်မှုများအားဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒဖော်ထုတ်
ကိုနေ(ကျောက်ပန်းတောင်း) Thursday, 08 November 2018
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှဦးဆောင်ကျင်းပသည့်တပ်မတော်ထောက်ခံ ပွဲနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများကိုဆန့်ကျင်ရှုတ်ချသည့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ် စစ်မှုထမ်းဟောင်းရုံးရှေ့မှ စတင်ပြုလုပ်ခဲ့ကြကြောင်းသိရသည်။အဆိုပါ တပ်မတော်ထောက်ခံပွဲနှင့် ပြင်ပစွက်ဖက်လုပ်ဆောင် နေမှုများကိုဆန့် ကျင်ရှုတ်ချသည့်ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ပွဲကို မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီးကျော်ရွှေ(ငြိမ်း)က သက် ဆိုင်ရာ တာဝန်ရှိသူများထံအသိပေး အကြောင်းကြား၍ ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။ ဆန္ဒထုတ်ဖော်ရာတွင် ''မြန်မာ နိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ကျောက်ပန်း တောင်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၊ တပ်မတော်ထောက်ခံခြင်းနှင့်ပြင်ပစွက် ဖက်လုပ်ဆောင်မှုများကိုဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ''၊''မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံသည်''၊''တပ်မတော် အင်အားကိုချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက် မခံ''၊''မဆီမဆိုင်နိုင်ငံရေးစွက်ဖက် ဖေ့စ် ဘွတ်(်ခေနဘသသု)ကိုလုံးဝဆန့်ကျင် ရှုတ်ချ သည်'' ၊ ''ဘက်လိုက်သောကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးကော်မရှင်၏ တစ်ဖက်သတ် အစီရင်ခံစာတို့လုံးဝလက် မခံ''၊ ''ပြည်သူကိုချစ်သော၊ ပြည်သူက ချစ်သော တပ်မတော်အောင်မြင်ပါစေ''၊ ''တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်း မည်''၊ ''APHR ၏ အောက်လုံးအစီရင် ခံစာအလိုမရှိ၊ အလိုမရှိ''ဟူသော ဗီနိုင်း ဆိုင်းဘုတ်များနှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဓာတ်ပုံများကို ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ကြသည်။
အဆိုပါ တပ်မတော်ထောက်ခံသည့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပွဲသို့ ကျောက် ပန်းတောင်းမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာ အသီးသီးမှ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ ကျားမစုစုပေါင်း၂ဝဝလိုက်ပါခဲ့ကြသည်။
နံနက် ၉ နာရီတွင် မြို့နယ် စစ်မှု ထမ်းဟောင်းရုံးရှေ့မှစတင် ထွက်ခွာကြ ၍အမှတ်(၁)ကျောင်းရှေ့လမ်းမှ လွတ်လပ် ရေးရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်လမ်း၊ ထိုမှ ဆက်၍ လက်ဝဲဘက်သို့ ချိုးကွေ့ကာ ကျောက်ပန်းတောင်း-ပုပ္ပားလမ်းမ၊ မီး သတ်လမ်းဆုံတွင် ရပ်တန့်ကာငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး နံနက်၉နာရီခွဲတွင် လူစုခွဲရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။