images
UN
UN
ခေတ်မီစက်သုံးဆီဆိုင်အဖြစ် တည်ဆောက်နိုင်ခြင်းမရှိပါက ၂ဝ၁၉နောက်ပိုင်းဖြန့်ဖြူးရောင်းချခွင့် လိုင်စင်သက်တမ်းတိုးခွင့်မပြု
ကိုကိုလွင် Thursday, 08 November 2018
စက်သုံးဆီ တင်သွင်းဝယ်ယူရောင်းချနေကြသည့် စက်သုံးဆီဆိုင်များ အနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဖြန့်ဖြူးရောင်းချရေးဌာနမှ သတ် မှတ်မည့် ခေတ်မီ စက်သုံးဆီဆိုင်များအဖြစ် တည်ဆောက်နိုင်ခြင်းမရှိပါ က ၂ဝ၁၉ ခုနှစ်နောက်ပိုင်း ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်သက်တမ်းတိုးခွင့် ပေးတော့မည်မဟုတ်ကြာင်း သတင်းထုတ်ပြန်သည်။ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြည်တွင်းပြည်ပသတင်းမီဒီယာများအား လစဉ်ပြုလုပ်ပေးနေသည့် သတင်းစာရှင်း လင်းခြင်းအခမ်းအနားဖြင့် ထုတ်ပြန်ခဲ့မှု အရ သိရသည်။
ယင်းသို့ခေတ်မီဆိုင်များအဖြစ် ပြုပြင် ပြောင်းလဲရန် နိုင်ငံတွင်းရောင်းချနေသည့် စက်သုံးဆီဆိုင်များသို့ ကြိုတင်အသိပေး အကြောင်းကြားသွားမည်ဖြစ်ပြီး ယခုလ အတွင်း အကြောင်းကြားပေးသွားမည်ဖြစ် ကြောင်းနှင့် ယခင်က တိုင်းဒေသကြီး ပြည်နယ်တို့၏ သဘောထားမှတ်ချက်ဖြင့် ဖြေလျှော့ခွင့်ပြုခဲ့သည့်စက်သုံးဆီအရောင်း ဆိုင်များအား ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင် ရာဥပဒေများနည်းဥပဒေများနှင့်ညီညွတ် စေရန်လုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရပြီး ယနေ့အချိန်အထိ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ထုတ်ပေးထားသည့်အရောင်းဆိုင် ၂၃၆၅ ဆိုင်အားခွင့်ပြုထားပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအား ၂ဝ၁၇ ခုနှစ်အတွင်းကထုတ်ပြန်ခဲ့ပြီး ရေနံနှင့်ရေနံ ထွက်ပစ္စည်းဆိုင်ရာနည်းဥပဒေဆက်လက် ထွက်ရှိနိုင်ရန် ဆက်လက်လုပ်ဆောင်နေ ကာ ပြီးစီးပါက ဌာနမှသတ်မှတ်မည့် ခေတ်မီအရောင်းဆိုင်များအဖြစ် တည် ဆောက်နိုင်ခြင်းမရှိသည့်အရောင်းဆိုင်များ အား ၂ဝ၁၉ခုနှစ်နောက်ပိုင်းကာလအတွက် ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်သက်တမ်းတိုး မြှင့်ခွင့်ပြုတော့မည်မဟုတ်ကြောင်း လျှပ် စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှသတင်းထုတ် ပြန်သည်။