images
UN
UN
ကရင်ပြည်နယ် မြဝတီမြို့ ဂိတ်အဝင်အထွက် ည ၈ နာရီမှ နံနက် ၆ နာရီအထိ ရက်အကန့်အသတ်မရှိပိတ်ထား
TT Thursday, 08 November 2018
ကရင်ပြည်နယ် မြဝတီမြို့ ဂိတ် အဝင်အထွက်အား ယခုလ ၆ ရက်မှ စတင်ကာ ည ၈နာရီမှနံနက် ၆ နာရီ အထိ အကန့်အသတ်မရှိပိတ်မည် ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးရုံးက KNU ဗဟိုနှင့် တပ် မဟာများဆက်ဆံရေးရုံးသို့ ယခုလ ၆ ရက်က အကြောင်းကြားစာပို့ထား ကြောင်း သိရသည်။အဆိုပါ မြဝတီမြို့ဂိတ်အဝင် အထွက် ည၈နာရီမှ နံနက်၆နာရီအထိ ယာဉ်ကြီးယာဉ်ငယ်များ ဖြတ်သန်း သွားလာမှုအား အထက်ရုံးနှင့် ညှိနှိုင်း နေစဉ်ကာလအတွင်း ခေတ္တပိတ်ထား မည်ဖြစ်ပြီး တိုင်းရင်းသားလက်နက် ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများ နှင့် နယ်ခြားစောင့်တပ်များအနေဖြင့် ယင်းအချိန်အတွင်း မိမိအဖွဲ့ပိုင်မော် တော်ယာဉ်များနှင့် ကုန်သွယ်ယာဉ် များဖြတ်သန်းသွားလာမှုမရှိစေရေး နှင့် လက်အောက်တပ်ဖွဲ့ဝင်များအား အသိပေးနှိုးဆော်ထားရန် အကြောင်း ကြား ထားကြောင်းသိရသည်။
ယင်းအပြင် အရေးကြီးကိစ္စများ အတွက်မဖြစ်မနေသွားလာရမည့်အခြေ အနေဖြစ်ပေါ်လာပါက ခရိုင် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင် ရဲတပ်ဖွဲ့မှူးရုံးတို့ထံ အသိပေးတင်ပြ ကာခွင့်ပြုချက်ရရှိမှသာဖြတ်သန်းသွား ရမည်ဖြစ်ကြောင်းသိရသည်။