images
UN
UN
ရေကြည်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျနေမှုကြောင့် အကူအညီပေးရန် သက်ဆိုင်ရာများကိုတင်ပြထားသော်လည်း ယခုထိ ရောက်မလာဟုဆို
မေနဒီမြနွယ် Thursday, 08 November 2018
ငဝန်မြစ်ရေ တိုက်စားမှုများကြောင့် မြစ်ကမ်းပါးများပြိုကျကာ မြစ်ကမ်းနဖူးအနီးတွင် တည်ရှိသောအိမ်များမှ အချို့သောအိမ်များ ဖျက်ချမှုများပြုလုပ် နေရသဖြင့် ကူညီဆောင်ရွက်ပေးရန် ဒေသခံအာဏာပိုင်များထံ တင်ပြထားသော်လည်း လေးရက်ကြာသည်အထိ တစ်စုံတစ်ရာအကူအညီ ဆောင်ရွက် ပေးခြင်းမရှိသေးကြောင်း မယ်ဇလီရွာရှိ သဒ္ဓမ္မဝိဇိတာရုံကျောင်းတိုက်ဆရာတော် အရှင်ခေမိန္ဒ၏ ယနေ့မိန့်ကြားချက်အရ သိရသည်။ဧရာဝတီတိုင်းဒေသကြီး ရေကြည် မြို့နယ် ငါးသိုင်းချောင်းမြို့ ဘုတ် ချောင်းအုပ်စု မယ်ဇလီရွာ၌ယခုလ ၅ ရက်မှစတင်ကာ မြစ်ကမ်းပါး များပြိုကျ၍ အိမ်အချို့အား အရေး ပေါ်ဖျက်ချကာ ပြောင်းရွှေ့မှုများ လုပ်ဆောင်ခဲ့ရပြီး ယနေ့ လေးရက် မြောက်သည့်တိုင် ကမ်းပါးများ ပြိုနေဆဲဖြစ်ကြောင်း ဆရာတော် အရှင်ခေမိန္ဒက ''ကမ်းပြိုကျတာ ဒီနေ့နဲ့ဆို လေးရက် ရှိသွားပါပြီ။အရေးပေါ်မလွတ်လို့ ဖျက်ချတာ က အိမ်နှစ်လုံးရှိပြီ။ သက်ဆိုင်ရာ ကို တင်ပြထားတာရှိပေမယ့် အခု ထိတော့ ရောက်မလာကြသေးဘူး။ ဆောင်ရွက်ပေးတာလည်း မရှိ သေးဘူး။ လက်ရှိအနေအထား အရတော့ ကမ်းက ဆက်ပြိုမယ့် အနေအထားရှိနေတယ်။ အခုလို ကမ်းပါးတွေပြိုတာ ဟိုးအရင်နှစ် တွေထဲက အခုဆိုရင် ၁၅ နှစ် ကျော်လောက်ရှိပြီပေါ့။ အဲဒီအချိန် တွေထဲက အခုလိုပဲ တာဝန်ရှိသူ တွေကို တင်ပြတယ်။ ရွာကအိမ် တွေကို တစ်နေရာတည်းမှာ ရွှေ့ ပြောင်းနေထိုင်ရေးအတွက် နေရာ တစ်ခုပေးဖို့ တင်ပြတောင်းခံခဲ့ပါ တယ်။ သူတို့တွေက လယ်သမား၊ ကိုင်းသမားတွေနဲ့ စကားပြောခိုင်း တယ်။ ဦးပဉ္ဇင်းတို့ကလည်း ဒီမှာ အချင်းချင်းညှိပေးလို့မရတဲ့အတွက် မြို့နယ်အဆင့်ကနေ တိုင်းအဆင့် အထိ တင်ပြပြီး ဒါတွေကိုဘယ် လိုစီစဉ်ပေးနိုင်မလဲဆိုပြီး အဆင့် ဆင့် အကူအညီတောင်းခံခဲ့တယ်။အခုထိမရသေးဘူး။ ဦးပဉ္ဇင်းတို့ရွာ ရဲ့အရှေ့မှာ မြေနုကျွန်းကြီးရှိသေး တယ်။ အဲဒီနေရာကိုတင်ပြတောင်း ခဲ့ပေမယ့်မရဘူး အခုထိလည်း အဆင်မပြေဘူး။
တာဝန်ရှိသူတွေအနေနဲ့လက်ရှိ ရွာမှာဖြစ်နေတဲ့ ဘေးဒုက္ခတွေကို မြင်တွေ့စေချင်တယ်။ ဒေသခံ အာဏာပိုင်တွေအနေနဲ့လည်း လာ ရောက်ကြည့်ရှုပြီး ကူညီမှုတွေကို ဆောင်ရွက်ပေးစေချင်ပါတယ်'' ဟု မိန့်ကြားခဲ့သည်။
ယခု ကမ်းပါးပြိုကျမှု ဖြစ် ပေါ်နေသော မယ်ဇလီရွာသည် ယခင်က အိမ်ခြေအလုံး၂ဝဝကျော် ရှိခဲ့သော ရွာကြီးဖြစ်ခဲ့ပြီး ရေတိုက် စားမှုများကြောင့် အိမ်ခြေများ ပျက်စီးမျောပါကာ လက်ရှိတွင် အိမ်ခြေအလုံး ၇ဝ ခန့်သာ ကျန်ရှိ နေကြောင်း၊ အိမ်များမျောပါပျက်စီး မှုကြောင့် နေထိုင်လုပ်ကိုင်စား သောက်ရန် အစားထိုးမြေနေရာမရှိ သည့်အတွက် အခြားသောနေရပ် များသို့ပြောင်းရွှေ့ကုန်သောကြောင့် ရွာတွင် ဒေသခံရွာသားများ နည်း ပါးလာရကြောင်း၊ ယခုအတိုင်း ဆက်သွားပါကမကြာသောကာလ တွင် ကျန်နေသည့် အိမ်ခြေများပါ ပျက်စီးဆုံးရှုံး၍မယ်ဇလီရွာပျောက် ကွယ်သွားနိုင်ကြောင်း ဆရာတော် က ဆက်လက်မိန့်ကြားခဲ့သည်။