images
UN
UN
ပြည်နယ်ဝန်ကြီးချုပ်က နယ်စွန်နယ်ဖျားရှိပြည်သူများအား အာဏာပြအနိုင်ကျင့်သည်ဟု လွိုင်ကော် ကတ်သလစ်သာသနာမှ သတင်းထုတ်ပြန်
သစ်တော်၊ မေနဒီမြနွယ် Thursday, 08 November 2018
ပြည်သူရွေးကောက်ထားသည့် ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်တစ်ဦးက နယ်စွန်နယ်ဖျားရှိ ပြည်သူ များအား မတရားအာဏာပြအနိုင်ကျင့်သည်ဟု မယ်စဲ့ တိုက်နယ် ကတ်သလစ်သာသနာမှ ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ကယားပြည် နယ်ဝန်ကြီးချုပ်သည် မယ်စဲ့တိုက်နယ်ရှိ လွိုင်ကော် ကတ်သလစ်သာသနာမြေအချို့အား ဝန်ကြီးချုပ်လုပ် ပိုင်ခွင့်ကိုသုံး၍ သိမ်းပိုက်ထားကြောင်း၊ သူသည် ကယားပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာပြီးနောက် ၂ဝ၁၇ ခုနှစ် မေလတွင် သာသနာ့မြေအချို့ ပါဝင်နေသော ခြံကို သူ၏ခြံအဖြစ်သတ်မှတ်ပြီး စက်ကြီးများဖြင့် မြေညှိခြင်း၊ မြောင်းတူးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ထို့ပြင် ကတ်သလစ်ဘုန်းတော် ကြီးနှင့် သာသနာ့အကျိုးဆောင် အဖွဲ့များ၊ ကတ်သလစ်ဘာသာဝင် များအားတရားဝင်အသိပေးသဘော ထားများကိုရယူခြင်းမရှိဘဲ ဝန်ကြီး ချုပ်တစ်ဦး၏ လုပ်ပိုင်ခွင့်အာဏာ ကို အသုံးပြုကာ မြေပိုင်ဆိုင်မှု စာရွက်စာတမ်းများအား တစ်ဖက် သတ် ပြုလုပ်၍ မတရားသိမ်းယူခဲ့ သည့်ဖြစ်စဉ်ဖြစ်ကြောင်း ဖော်ပြ ထားသည်။
ယင်းကိစ္စအား ဖြေရှင်းဆောင် ရွက်နိုင်ရန်အတွက် နိုင်ငံတော် အကြီးအကဲများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ထံ စာရွက် စာတမ်းအထောက်အထားများနှင့် တိုင်ကြားခဲ့ရာ တစ်နှစ်ကျော် ကြာ မြင့်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းကိစ္စ အား ကတ်သလစ်ဘုန်းတော်ကြီး များနှင့် သာသနာ့အကျိုးဆောင် အဖွဲ့က ဆွေးနွေးညှိနှိုင်းလိုသော် လည်း ယခုနှစ် အောက်တိုဘာ ၁၃ ရက်ကဝန်ကြီးချုပ်ကိုယ်တိုင်မယ်စဲ့ ကတ်သလစ်ဘုန်းတော်ကြီးကျောင်း သို့ လာရောက်၍ မြေကွက်အား ပြန်မပေးနိုင်ကြောင်း၊ အထက်သို့ တိုင်ကြားနိုင်ကြောင်းနှင့် ခြံစည်းရိုး ကိုကာရံမည်ဖြစ်ကြောင်း ပြောဆိုခဲ့ ပြီး အောက်တိုဘာ ၂၅ ရက်က ခြံစည်းရိုးကာရံရန်အတွက်အတင်း အဓမ္မလုပ်ဆောင်၍ ကျောက်များ လာချကာရင့်သီးစွာဖြင့် အကြောင်း ပြန်ကြားလာသည်ဟု ဖော်ပြပါရှိ သည်။
အဆိုပါမြေနေရာသည် ၁၉၉၄ ခုနှစ် ရက်စွဲဖြင့် ကတ်သလစ် သာသနာ့မြေအဖြစ် သတ်မှတ်ပေး ခဲ့သောမြေနေရာဖြစ်ပြီး မယ်စဲ့မြို့ နယ်မြေစာရင်းဌာနမှ ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်စွဲဖြင့် မြေ စာရင်းပုံစံ ၁ဝ၅ ထုတ်ပေးခဲ့ပြီးဖြစ် သည်။ ၂ဝ၁၄ ခုနှစ် မေလတွင် ဘုန်းတော်ကြီးများ တာဝန်ကျ နေရာများသို့ ပြောင်းရွှေ့ချိန်တွင် သူက သာသနာ့မြေအတွင်း အရှေ့ မြောက်ထောင့် ကုန်းစောင်းနေရာ၌ ခြံမြေပြုလုပ်ရန်အတွက် ချုံနွယ် သစ်ပင်များအား လာရောက်ခုတ် ထွင်ရှင်းလင်းခဲ့သည်များကိုတာဝန် ရှိသူများက သာသနာ့နယ်မြေဖြစ် သဖြင့်မယူရန် ကန့်ကွက်နေသည့် ကြားမှ လက်မခံဘဲခြံခတ်၍ယူခဲ့ ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။