images
UN
UN
တရားမျှတမှုမရှိသော ကျေးရွာအုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း ဒေသခံများဆန္ဒထုတ်ဖော်
တင်စိုး(ပဲခူး) Thursday, 08 November 2018
နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီက ပဲခူးမြို့ ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့၌ မင်းလှမြို့နယ် လက်ပံရေကျော်အုပ်စုနေ ဒေသခံတချို့က လယ်ယာမြေပြဿနာများ အမြန်ဆုံးဖြေရှင်းပေးရေးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအား အလိုမရှိကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့သည်။ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် မင်းလှမြို့နယ် လက်ပံရေကျေးရွာနေ ဦးအေးသောင်းမှ ဦးဆောင်ပြီး လူအင်အား ၃ဝ ခန့်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး 'တရားမျှတမှုမရှိသော မင်းလှမြို့နယ် လက်ပံရေကျော်အုပ်ချုပ်ရေး မှူးအား အလိုမရှိ'၊ 'ဝန်ကြီးချုပ်မှ လယ်ယာမြေပြဿနာများအား အမြန်ဆုံးဖြေရှင်းပေးရေးဒို့အရေး' အစရှိသည့် ဗီနိုင်းပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။