images
UN
UN
ပြည်ခိုင်ဖြိုးပါတီမှ ဘိလပ်မြေအိတ်များလှူဒါန်း
ရွှေပြည့်စုံ(ဆင်ပေါင်ဝဲ) Friday, 09 November 2018
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့ (၃) ရပ်ကွက်ရှိ ဆုတောင်းပြည့်ဆင်းတုတော်ကြီး ပရဝဏ်ရင်ပြင်ခင်းရန် ဆင်ပေါင်ဝဲမြို့ ဇွေ့ချောင်းရပ် ကွက်မှ ရပ်မိရပ်ဖများ ဆင်ပေါင်ဝဲမြို့ပေါ်ရှိ လူငယ် ပရဟိတအဖွဲ့များမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါရင်ပြင်တော်ခင်းခြင်းလုပ်ငန်းအတွက် တိုင်း ဒေသကြီးပါတီကော်မတီဝင် ဦးအေးနိုင်၏အစီအစဉ်ဖြင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှူးဦးတင့်ဆွေနှင့် အဖွဲ့ဝင်များသည် ယခုလ ၇ ရက် နံနက် ၉ နာရီတွင် ဆုတောင်းပြည့်ဆင်းတုတော်ကြီးတည်ရှိရာ တန်ဆောင်း အတွင်း၌ ဂေါပကအဖွဲ့နှင့် အကျိုးတော်ဆောင် လူငယ် အဖွဲ့တို့အား ပြုပြင်မှုပြုလုပ်နိုင်ရန်အတွက် ဘိလပ် မြေအိတ် ၅ဝ ကို ပူးပေါင်းပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။