images
UN
UN
မြန်မာစားသုံးသူများသမဂ္ဂက E-Commerce နှင့်ပတ်သက်သည့် သုတေသနပြုလုပ်မည်
အေးချမ်းပိုပို Friday, 09 November 2018
မြန်မာစားသုံးသူများသမဂ္ဂ (Myanmar Consumers Union)သည် မြန်မာနိုင်ငံရှိ internet နှင့် ဒီဂျစ်တယ်နည်းစနစ်ဖြင့်အသုံးပြု သူများအကြားတွင်E-commerce အသုံးပြုမှုနှင့်ပတ်သက်သောအသိ ပညာ၊ အတွေးအခေါ်၊ အပြုအမူ များနှင့်ပတ်သက်ပြီးလေ့လာမှုတစ် ရပ် ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာ စားသုံးသူများသမဂ္ဂ၏ ယမန်နေ့ သတင်းထုတ်ပြန်ချက်အရ သိရ သည်။
E-commerce ဆိုသည်မှာ အီလက်ထရွန်နစ်နည်းပညာဖြင့် internet မှ တစ်ဆင့်ဈေးဝယ်ခြင်း (Online shopping)၊မိုဘိုင်းလ်ဖုန်း ထဲတွင်Mobile banking application ထည့်ပြီးငွေလွှဲခြင်းသို့မဟုတ်Internet banking မှ တစ်ဆင့် ငွေ လွှဲခြင်း၊ ဖုန်းမှတစ်ဆင့်ငွေလွှဲခြင်း (ဥပမာ–Wave Pay၊ OK Pay များသုံးပြီးငွေလွှဲခြင်း)၊ အီလက် ထရွန်နစ်နည်းပညာဖြင့် မီတာခ ဆောင်ခြင်း၊ ဖုန်းငွေဖြည့်ခြင်း၊ ငွေ လွှဲခြင်း၊MPU / Visa / Master ကတ်များအသုံးပြုပြီး ငွေပေးချေ ခြင်း(E-payment)၊ အင်တာနက် မှတစ်ဆင့် မှတ်ပုံတင်ခြင်း(Online registration)နှင့်ဖုန်းနှင့် internet တို့ အသုံးပြုခြင်းတို့ ပါဝင်ကြောင်း သိရသည်။ထိုလေ့လာမှုတွင်မြန်မာ နိုင်ငံရှိ internet အသုံးပြုသူများ အနေဖြင့် အီလက်ထရွန်နစ် နည်း ပညာဖြင့် internet မှတစ်ဆင့် ငွေ လွှဲပြောင်းခြင်းများ ပြုလုပ်ရာတွင် တွေ့ကြုံရသော အတွေ့အကြုံ၊ အခက်အခဲများနှင့်E-commerce ကို မြန်မာနိုင်ငံတွင် ပိုမိုတိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ရာ တွင် ပြုပြင်ပြောင်းလဲသင့်သည့် အချက်များနှင့်ပတ်သက်ပြီး အကြံ ဥာဏ်ပေးခြင်းများကိုသုံးစွဲသူများ၊E-commerce ကို ဝန်ဆောင်မှုပေး နေသူများနှင့် အုပ်စုလိုက်ဆွေးနွေး ခြင်းသို့မဟုတ်တစ်ဦးချင်းဆွေးနွေး ခြင်း၊ မေးခွန်းလွှာများဖြင့်မေးမြန်း ခြင်းကိုပြုလုပ်မည်ဖြစ်ပြီး ပြုလုပ် မည့်နေရာများမှာရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် မော်လမြိုင်မြို့ များတွင် ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှ ဒီဇင်ဘာ ၂ဝ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။