images
UN
UN
နေအိမ်ကို မူးယစ်ဆေးဝါးသတင်းအရဝင်ရောက်ရှာဖွေရာမှ ငွေကျပ်၁ဝသိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ
မိုဃ်းကျ(မြစ်ကြီးနား) Friday, 09 November 2018
ဗန်းမော်မြို့ပေါ်ရပ်ကွက်အတွင်း ယမန်နေ့က မူးယစ်ဆေးဝါး သတင်းအရ နေအိမ်အတွင်း ဝင် ရောက်ရှာဖွေရာ ငွေကျပ် ၁ဝ သိန်း ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ရှာဖွေဖမ်းဆီးရမိခဲ့ သည်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၁ဝနာရီကဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူး ရုံး၊ မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှ ဒုရဲအုပ်ဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ သည် သက်သေများနှင့် ပူးပေါင်း ၍ မူးယစ်ဆေးဝါးသတင်းအရ ဗန်းမော်မြို့ အရှေ့သာစည်ရပ်ကွက် နေ သက်ခိုင်စိုး(၃၂နှစ်)၏ နေ အိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေ ရာ သက်ခိုင်စိုးအား နေအိမ်တွင် အသင့်တွေ့ရှိပြီး ဆက်လက်ရှာဖွေ စစ်ဆေးရာ ၄င်းဘေးတွင် တွေ့ရှိရ သည့်Sun Shine စာတန်းပါ သားရေအိတ်အတွင်းမှ အပြာရောင် ကပ်ခွာအိတ်များဖြင့် ထည့်လျက် ကာလတန်ဖိုးငွေကျပ် ၁ဝ၈၄ဝဝဝ ရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၂ ပြား၊ စိတ်ကြွရူးသွပ်ဆေး အသုံး ပြုသည့် ငွေရောင်ခဲပြားနှင့်အချို ရည်ဘူးတစ်ဘူး၊ မီးခြစ်တစ်လုံး၊ ၄င်းအမည်ပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်ခုတို့ကို ရှာဖွေ သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်ကြောင့်မူးယစ်ဆေးဝါး များနှင့်အတူတွေ့ရှိသူ သက်ခိုင်စိုး (၃၂နှစ်)ဗန်းမော်မြို့နေသူအား ဗန်းမော်မြို့မရဲတပ်ဖွဲ့စခန်းမှမယ(ပ) ၁၇၆/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ ၁၉ (က)အရ အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။