images
UN
UN
မိုင်းဖြတ်၌ ကားနှင့်ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားရာမှ တစ်ဦးသေဆုံး
ရွှေကို(မိုင်းဖြတ်) Friday, 09 November 2018

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်း ဖြတ်မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၂နာရီခန့်က ကျိုင်းတုံ-တာချီလိတ် သွား ပြည်ထောင်စုလမ်းမကြီးပေါ် ဆိုက်ခေါင်ကျေးရွာအနီး မိုင်တိုင် အမှတ်(၂၇၃+၅ဝဝ)ကီလိုမီတာ တွင် ရွှေမြို့တော်ယာဉ်လိုင်းခရီး သည်တင်မှန်လုံယာဉ်နှင့်ဆိုင်ကယ် တို့တိုက်မိမှုဖြစ်ပွားရာမှ ဆိုင်ကယ် နောက်မှလိုက်ပါလာသူဦးယာကဲမှာ သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျိုင်းတုံမှ တာချီ လိတ်သို့ ယာဉ်မောင်း ဦးစိုင်းယီ (၆၁နှစ်)စွန်မွန်းရပ်၊ ကျိုင်းတုံမြို့ နေသူ မောင်းနှင်လာသည့် ရွှေမြို့ တော်ယာဉ်လိုင်းမှ ယာဉ်အမှတ် (5E/--)ဖြူ/စိမ်း/ဝါယာဉ်သည် မိုင်းဖြတ်မြို့နယ်ဆိုင်ခေါင်းကျေးရွာ မိုင်တိုင်အမှတ်(၂၇၃+၅ဝဝ)ကီလို မီတာအရောက်တွင် ဟာကြားမုနိ ကျေးရွာသွားလမ်းတံတားမှ ပြည် ထောင်စုကားလမ်းမတစ်ဖက်သို့ လမ်းဖြတ်ကူးခဲ့ရာ ဆိုင်ကယ် ယာဉ်မောင်းကျနူး(၁၉နှစ်)မိုင်းခတ် မြို့နေသူမောင်းနှင်ပြီး ဖခင်ဖြစ်သူ ဦးယာကဲ(၄ဝနှစ်)နောက်မှ လိုက် ပါလာသည့်Haojueအမျိုးအစား ယာဉ်အမှတ်မပါအနီရောင်ဆိုင်ကယ် နှင့် လမ်းအလယ်တွင်တိုက်မိပြီး ဆိုင်ကယ်ယာဉ်မောင်းကျနူးနှင့်ဖခင် ဖြစ်သူဦးယာကဲတို့မှာ ဒဏ်ရာများ ပြင်းထန်စွာရရှိပြီး ဒဏ်ရာရရှိသူ နှစ်ဦးအားမိုင်းဖြတ်မြို့နယ်ပြည်သူ့ ဆေးရုံသို့ပို့ဆောင်ခဲ့စဉ် ဦးယာကဲ မှာ ဒဏ်ရာများဖြင့် သေဆုံးသွား ခဲ့ပြီး ကျနူးမှာ မိုင်းဖြတ်မြို့နယ် ပြည်သူ့ဆေးရုံမှ ကျိုင်းတုံမြို့ ပြည် သူ့ဆေးရုံသို့ လွဲပြောင်းဆေးဝါး ကုသမှုခံယူလျက်ရှိကြောင်း သိရ သည်။
ဖြစ်စဉ်နှင့်ပက်သက်၍ယာဉ်အား မဆင်မခြင်မောင်းနှင်လမ်းဖြတ် ကူးသူ ဆိုင်ကယ်ယာဉ်မောင်း ကျ နူးနှင့် ယာဉ်မဆင်မခြင်မောင်းနှင် သူ ဦးစိုင်းယီတို့နှစ်ဦးအား မိုင်း ဖြတ်မြို့မရဲစခန်းမှ ယာဉ်(ပ) ၁၁/ ၂ဝ၁၈၊ ရာဇသက်ကြီး ပုဒ်မ၃၃၇/ ၃၃၈/၃ဝ၄-ကအရ အမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။