images
UN
UN
သစ်ကားကိုတားနေစဉ် မောင်းပြေးသဖြင့် သေနတ်ဖြင့်ပစ်ရာမှ ယာဉ်မောင်းသေဆုံး
ဖြိုးကိုလင်း(ညောင်ဝိုင်း) Friday, 09 November 2018
ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ် မြို့ချောင်း ပဲခူးရိုးမ တောင်ပေါ်တွင် သစ်ကားအားတား ဆီးရာ မောင်းပြေး၍ သစ်တောရဲမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် လူ တစ်ဦးသေဆုံးခဲ့သည်။
ဖြစ်စဉ်မှာ ယမန်နေ့ ည ၈ နာရီခွဲခန့်က သစ်တောရဲလုံခြုံရေး ရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီးရဲမင်းဦး က ပဲခူးရိုးမတောင်ပေါ် မြောက် ဇာမဏီ (၄၁)မိုင် သစ်တောဂိတ် တွင် သတင်းအရ သစ်နှင့်မူးယစ် ဆေးဝါးများတင်ဆောင်လာကြောင်း သတင်းအရ စစ်ဆေးရန် တားဆီး ခဲ့ရာတွင် ယာဉ်မှာ ရပ်တန့်ခြင်း မရှိဘဲ မောင်းပြေးသဖြင့် ရဲတပ်ကြပ် ကြီးဖြစ်သူမှ ဆိုင်ကယ်ဖြင့် နောက် မှလိုက်သွားခဲ့ရာ ပဲခူးရိုးမတောင် ပေါ် (၁၉)မိုင် အနီးအရောက်တွင် မောင်းပြေးသော ကားအားမီသွား ခဲ့ပြီး ထပ်မံရပ်တန့်ခိုင်းရာ ရပ်တန့် ခြင်းမရှိဘဲ ယာဉ်ပေါ်မှလေးခွဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရဲတပ်ကြပ် ကြီး၏ ဦးခေါင်းအားထိမှန်ခဲ့သဖြင့် ယာဉ်နှင့်ကိုက်တစ်ရာခန့်အကွာမှ အသင့်ပါလာသောM16 သေနတ် ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ရာ ကျည် ဆန်မှာ ယာဉ်၏ နောက်ပိုင်းကူရှင် ထိုင်ခုံအားဖောက်ဝင်၍ ယာဉ် မောင်း ဝင်းဇင်ရ(၂၂)နှစ်၏ နောက်ကျောကုန်းအား ထိမှန်ပြီး သေဆုံးသွားခဲ့သည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှWY စာတန်းပါ စိတ် ကြွရူးသွပ်ဆေးပြား(၈)ပြား လက် ကိုင်ဖုန်းတစ်လုံး အရိုး/အသွား လက်မ(၃ဝ)ရှိ ငှက်ကြီးတောင်ဓား ရှည်တစ်ချောင်း၊အရှည်(၂၆)လက်မ ရှိသံတုတ်တစ်ချောင်း၊ သစ်သား ရိုးတပ်ဓားဦးချွန်တစ်ချောင်း၊ဝါးရိုး တပ်ဓားမတစ်ချောင်း၊ ပျဉ်းကတိုး သစ်ခွဲသား ဆိုက်စုံ သုည ဒသမ ၂၄၆တန်၊ လွှတစ်ချောင်းနှင့်SHN 6E/---- နံပါတ်ပြားတပ်ဆင်ထား သော အဖြူရောင်TOYOTA Caldina ယာဉ် တစ်စီးတို့အား သိမ်းဆည်းရမိခဲ့ပြီး သေဆုံးသူ၏ အလောင်းအား မြို့ချောင်းတိုက် နယ်ဆေးရုံသို့ တင်ပို့ထားကြောင်း သိရပြီး ဖဒိုနယ်မြေရဲစခန်းမှ အရေး ယူဆောင်ရွက်နေကြောင်း သိရ သည်။
အခင်းဖြစ်နေရာအနီးတစ်ဝိုက် တွင် မကြာခဏ သစ်မှောင်ခိုခိုး ထုတ်သူများနှင့် အစိုးရတာဝန်ရှိသူ များ အပြန်အလှန်ပဋိပက္ခများဖြစ် ပွားမှုများ ဖြစ်ပေါ်နေပြီး သစ် မှောင်ခိုလုပ်ကိုင်သူများမှ စစ်ဆေး ရေးဂိတ်မောင်းတံများအား တိုက် ပြေးခြင်း၊ တာဝန်အရစစ်ဆေး သောအဖွဲ့များအား ယာဉ်များဖြင့် ဝင်ရောက်တိုက်ပြေးခြင်း၊ဝင်ရောက် ရိုက်နှက်ခြင်းစသည်တို့ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။