images
UN
UN
ဆိုင်ကယ်မောင်းလာသူကို ရပ်ပြီးစစ်ဆေးရာမှ ဆေးပစ္စည်းများနှင့်ဆေးဝါးမျိုးစုံဖမ်းဆီးရမိ
ဇင်မျိုးသူ (ပေါင်) Friday, 09 November 2018
မူးယစ်ဆေးသတင်းအရယမန် နေ့ ညနေ ၅နာရီက သထုံခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှု/ကူဌာနမှ ရဲအုပ် စောဝဏ္ဏဦးနှင့်အဖွဲ့သည် သက် သေများနှင့်အတူ ပေါင်မြို့နယ် ဥတ္တံတားကျေးရွာ (၆)ရပ်ကွက် လမ်းမတန်းတွင် စောင့်ဆိုင်းနေ ခဲ့စဉ် ပေါင်မြို့ဘက်မှ ဆိုင်ကယ် မောင်းလာသည့် ဘအောင်ဆိုသူ ကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း၊ ၄င်း လွယ်ထားသော လွယ်အိတ် အတွင်းမှ သွေးပေါင်ချိန်တိုင်း ကိရိယာ၊ နားကြပ်၊ အဖျားတိုင်း ကိရိယာ၊ ဆေးထိုးအပ်အချောင်း ၂ဝဝခန့်နှင့် ကုသရေးသုံးဆေးဝါး မျိုးစုံ ၃၆ မျိုးခန့်ကို စစ်ဆေးတွေ့ ရှိသိမ်းဆည်းရမိခဲ့သည်ဟု သိရပြီး မြို့နယ် ကျန်းမာရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းခဲ့စဉ် ဘအောင် ဆိုသူသည် ကျန်းမာရေးဌာနဝန် ထမ်းမဟုတ်ကြောင်း၊ ဆေးကုသ ခွင့်လိုင်စင်ရထားသူလည်းမဟုတ် ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။
၎င်းထံမှသိမ်းဆည်းရမိသော ဆေးများအားစိစစ်ရာတွင် မူးယစ် ဆေးဝါးနှင့်အကျုံးဝင်သော ကန့် သတ်ဆေးများတော့မပါကြောင်း သိရသဖြင့် အဆိုပါအမှုဖြစ်စဉ်ကို ရဲအုပ်စောဝဏ္ဏဦးက တရားလိုပြု လုပ်တိုင်တန်းချက်အရ ပေါင်မြို့မ ရဲစခန်း၏(ပ)၅၃၂/၂ဝ၁၈၊ ၂ဝ၁၅ ခုနှစ် မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေပုဒ်မ ၅၈ အရ ဘအောင် (၄၈နှစ်) (၆) ရပ်ကွက် ဥတ္တံတား ကျေးရွာနေသူကို အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။