images
UN
UN
ငွေကျပ် ၁၁၄သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူကို မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိ
မိုဃ်းကျ(မြစ်ကြီးနား) Friday, 09 November 2018
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုး မောက်မြို့ ကျောက်စခန်းပူးပေါင်းစစ် ဆေး ရေးဂိတ်တွင် ယမန်နေ့က ငွေကျပ် ၁၁၄သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေး ပြားများ သယ်ဆောင်လာသည့် မော်တော် ယာဉ် တစ်စီးအား သတင်းအရ ဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲ ၂နာရီခွဲ က ဗန်းမော်ခရိုင် မိုးမောက်မြို့ ကျောက် စခန်းကျေးရွာ ပူးပေါင်းစစ်ဆေးရေးဂိတ် တွင် ဗန်းမော်မြို့ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁)မှ ရဲအုပ် ခါးလီဦးစီးသည့် တပ်ဖွဲ့ဝင်များသည် လုံ ခြုံရေးတာဝန်ထမ်းဆောင်နေသည့် နယ် မြေခံရဲတပ်ဖွဲ့ဝင်များ၊သက်ဆိုင်ရာပူးပေါင်း စစ်ဆေးရေးအဖွဲ့များနှင့်အတူ မူးယစ် ဆေးဝါး သတင်းအရ ကြိုတင်စောင့်ဆိုင်း နေစဉ် လွယ်ဂျယ်မှမိုးမောက်သို့ ဇခေါင် (၂၄နှစ်)မောင်းနှင်လာသည့် YGN-5D/-----နံပါတ်ပါအော်ဒစီအမျိုးအစားယာဉ် အား ရပ်တန့်စစ်ဆေးရာ မော်တော်ယာဉ် ရှေ့ခန်းရှိ TVနောက်ခံဝှက်အတွင်းမှ အပြာ ရောင် ပလတ်စတစ်ကပ်ခွာအိတ် ၃ဝ အတွင်း ကာလတန်ဖိုးငွေကျပ် ၁၁၄သိန်း ရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၇ဝဝ၊ ဇခေါင်အမည်ပါနိုင်ငံ သားစိစစ်ရေးကတ် တစ်ခု၊၄င်းကိုင်ဆောင်သည့် လက်ကိုင် ဖုန်းတစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်ကြောင့် မူးယစ်ဆေး ဝါးများ နှင့်အတူတွေ့ရှိသည့် ဇခေါင်(၂၄နှစ်) တာမိုးညဲမြို့နေသူအား မိုးမောက်မြို့မရဲ တပ်ဖွဲ့စခန်းမှမယ(ပ)၃၉/၂ဝ၁၈၊ မူး/ စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။