images
UN
UN
ပြည်တွင်းဘဏ်လုပ်ငန်းကဏ္ဍတွင် ပြိုင်ဆိုင်မှုကြီးမားလာဖွယ်ရှိဟုဆို
NG Friday, 09 November 2018

မြန်မာနိုင်ငံအတွင်း၌ ရုံးခွဲများ ဖွင့်လှစ်ထားသော ပြည်ပဘဏ် များအား ပြည်တွင်းရှိစီးပွားရေး လုပ်ငန်းများကို ငွေထုတ်ချေးခွင့် ပေးရန် ဗဟိုဘဏ်က ဆုံးဖြတ် လိုက်ခြင်းကြောင့် ပြည်တွင်းရှိ ဘဏ်လုပ်ငန်းကဏ္ဍတွင် ပြိုင်ဆိုင် မှု ပြင်းထန်လာမည့်အလားအလာ များပေါ်ထွက်လာကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦးစိုးသိန်း လက်မှတ် ရေးထိုးထုတ်ပြန်ခဲ့သည့် ကြေညာ ချက်အတွင်း၌ ပြည်တွင်းရှိ စီးပွား ရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် ဆိုင်သည့် ရွေးချယ်ခွင့်များ ပိုမို ရရှိလာစေရန် ရည်ရွယ်ကာ ပြည်ပ ဘဏ်များအား ချေးငွေထုတ်ချေး ခွင့်ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ပြည်တွင်းရှိ ဘဏ် တစ်ခုတွင် မန်နေဂျင်းဒါရိုက်တာ အဖြစ်တာဝန်ယူနေသော ဒေါက်တာ သောင်းဟန်က ''ဘဏ္ဍာရေး ကဏ္ဍနဲ့ပတ်သက်ပြီး ကြိုဆိုရမယ့် ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ပြည်တွင်း ကို ငွေကြေးစီးဝင်မှုမြင့်တက်လာ ပါလိမ့်မယ်။ ဒါပေမဲ့ ဘဏ် လုပ်ငန်းကဏ္ဍမှာ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမယ့် အခြေအနေတွေ ပေါ်ထွက်လာပါလိမ့်မယ်။ ပြည်ပ ဘဏ်တွေဟာ အရင်းအနှီး၊ နည်း ပညာ၊ စီမံခန့်ခွဲမှု၊ ဈေးကွက်ရှာဖွေ မှု စတဲ့အပိုင်းတွေမှာ အားသာချက် တွေ အများကြီးရှိနေတာကြောင့် ပြည်တွင်းဘဏ်တွေအနေနဲ့ ခက်ခဲ တဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ရင်ဆိုင်ရမှာ ပါ''ဟု ပြောသည်။