images
UN
UN
ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရပ်/ကျေးဥက္ကဋ္ဌများ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ
ကျော်ဌေး(ညောင်ဦး) Friday, 09 November 2018
ညောင်ဦးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ ညောင်ဦး မြို့နယ်ပါတီရုံးတွင် ယနေ့နံနက် ၉ နာရီ၌ ရပ်/ကျေးစည်းရုံးရေးဥက္ကဋ္ဌများ လစဉ်ပုံမှန် တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင်နယ်မြေတာဝန်ခံ တိုင်းဒေသကြီး ကော်မတီဝင် ဦးသန်းဌေး၊ ခရိုင်ပါတီဥက္ကဋ္ဌဦးညွန့်ဝင်း၊ မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဌေးနှင့် ရပ်/ကျေးကော်မတီဝင်များ စုစုပေါင်း ၇ဝ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲကို အစီအစဉ်အရ မန္တလေး တိုင်းဒေသကြီးကော်မတီဝင် ညောင်ဦးခရိုင် နယ်မြေတာဝန်ခံဦးသန်းဌေးက အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်ပါတီဥက္ကဋ္ဌဦးညွန့် ဝင်းက ကြားဖြတ်ရွေးကောက်ပွဲ အတွေ့ အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဥက္ကဋ္ဌ ဦးအောင် ဌေးကလည်း ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံများနှင့် နှိုင်းယှဉ်ပြီး ၂ဝ၂ဝ အောင်နိုင်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ သည်။ ယင်းနောက် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးဆောင်ရွက်ချက်များကို ထူးချွန် စွာဆောင်ရွက်ပေးနိုင်သော စည်းရုံးရေးမှူး များကို ထူးချွန်ဆုများ ပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာသော စည်း ရုံးရေးဥက္ကဋ္ဌများက ၂ဝ၂ဝ အောင်နိုင်ရေး လုပ်ငန်းများအတွက် တင်ပြဆွေးနွေးခဲ့ သည်။တက်ရောက်လာသော ခရိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌများ၏တင်ပြချက်များကိုမန္တလေး တိုင်းဒေသကြီးပါတီကော်မတီဝင် ညောင်ဦး ခရိုင် နယ်မြေတာဝန်ခံ ဦးသန်းဌေးက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
Image may contain: one or more people, people sitting and indoor