images
UN
UN
ကနီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေးကျင်းပ
အောင်မျိုးထွန်း(ကနီလူငယ်) Friday, 09 November 2018
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ယနေ့နံနက် ၉ နာရီတွင် လပတ်ပုံမှန်အစည်းအဝေး ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးသို့ မြို့နယ်ပါတီနာယကများ၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးကျန်ထွန်း၊ ကော်မတီဝင်များနှင့် ဦးစီးရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ပါတီဥက္ကဋ္ဌဦးကျန်ထွန်းက ကြားဖြတ်ရွေးကောက်ပွဲရလဒ် အခြေအနေများကို သုံးသပ်ရှင်းလင်းပြီး ကော်မတီဝင်များ ရှေ့ဆက်ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မိမိတို့ကော်မတီဝင်များအနေ ဖြင့် နယ်မြေခံပြည်သူများနှင့် ထိတွေ့မှုမပြတ်စေရန် နယ်မြေကွင်းဆင်း တွေ့ဆုံကြရန် မှာကြားခဲ့သည်။ နာယကဦးရှိန်က တိုင်းဒေသကြီးပါတီရုံး၌ ကျင်းပမည့်ညီလာခံတက် ရောက်ရန် အမျိုးသမီးရေးရာအဖွဲ့များအတွက် စီစဉ်ဆောင်ရွက်ရန်များ ရှင်းလင်းပြော ကြားခဲ့သည်။
ဆက်လက်ပြီး ဘဏ္ဍာရေးမှူးက လစဉ်အသုံးစရိတ် ရှင်းတမ်းများကို ရှင်းလင်း ဖတ်ကြား၍ အစည်းအဝေးကို မွန်းလွဲ ၁၂ နာရီခွဲတွင် ပြီးစီးခဲ့သည်။