images
UN
UN
ကသာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုပါတီရုံး ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်တွေ့ဆုံပွဲကျင်းပ
စိမ်းနိုင် Friday, 09 November 2018
ကသာမြို့နယ် မိုးတားကြီးကျေးရွာအုပ်စု၌ ကျေးရွာအုပ်စုပါတီရုံး ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့်ကျေးရွာပါတီဝင်များတွေ့ဆုံပွဲကို ယနေ့နံနက် ၁ဝနာရီက ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်ကော်မတီဝင်(ကသာခရိုင် တာဝန်ခံ)ဦးအောင်ကိုစံ၊ ကသာမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်သူနှင့် မြို့နယ် အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ပါတီဝင်အင်အား ၅၅ ဦး တက်ရောက်ကြသည်။