images
UN
UN
ကွမ်းခြံကုန်းမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲကျင်းပမည်
ထွန်းလှ(ဒလ) Friday, 09 November 2018
ရန်ကုန်တိုင်းဒေသကြီး ကွမ်း ခြံကုန်းမြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအသီးသီးရှိ ထက်၊ လယ်၊ မူကျောင်းများတွင် ပညာသင်ကြားပေးခဲ့သော အသက် ၇၅ နှစ်အထက် အငြိမ်းစား ဆရာကြီး ဆရာမကြီးများအား ဒုတိယအကြိမ်မြောက် မြတ်ဆရာ ပူဇော်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက် နံနက် ၉ နာရီတွင် အထက(၂) ဇာတိမာန်ခန်းမ ကွမ်း ခြံကုန်းမြို့၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါမြတ်ဆရာပူဇော်ပွဲသို့ ကျောင်းသားကျောင်းသူဟောင်း များ တက်ရောက်ကြပါရန် ပူဇော် ပွဲဖြစ်မြောက်ရေးကော်မတီမှ စီစဉ် ဆောင်ရွက်လျက်ရှိပြီး အခမ်းအနား အစီအစဉ်ကို သိရှိလိုလျှင်ဖြစ်စေ၊ အလှူငွေများ ထည့်ဝင်လှူဒါန်းလို လျှင်ဖြစ်စေ ဦးဇော်လင်းထွန်း ဖုန်း-ဝ၉၇၉ဝ၁၇၄၃၈၅၊ဦးစိန်ထွေး ဖုန်း-ဝ၉၄၂၁၁၁၅၃၅၃ ၊ ဒေါ်ခင် စန်းမြင့် ဖုန်း ဝ၉၇၉၁၇ဝ၄၅ဝဝ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရ သည်။