images
UN
UN
ခေတ်ပေါ်ပန်းချီ(ကဗျာ)
သက်နိုင်(ကြို့ပင်ကောက်) Friday, 09 November 2018
* နှလုံးသားမှ
ခံစားရချက် လက်ကရွေ့လျား
စုတ်ဖျားတစ်ခတ်။
* အနီးအဝေး အကြီးအသေး
အသွေးအရောင် အမှောင်အလင်း
ရှာဖွေရင်းဖြင့် သက်ပြင်းတစ်ချ
သောကတစ်ပွက် စုတ်ချက်တစ်တို့။
* မျက်တောင်တစ်ခတ် ဖျတ်ခနဲမှေး
တစ်ချက်ငေးလိုက် အတွေးထဲတွင်
စူးနစ်ဝင်လျက်
ရောင်စဉ်ဆေးသား ဖမ်းထားလိုက်နဲ့။
* ခေတ်အတွေးမြင်
နိမိတ်ထင်လျက် ဝင်စားအာရုံ
ရင်လှိုက်ခုန်လျက် ရောင်စုံဆေးသား
ဈာန်ဝင်စားရင်း။
* တစ်နေ့တာကုန်
အာရုံထွေပြား ခံစားပြည့်နှက်
လက်ကတုံ့နှေး အတွေးတွေဆူ
ငေးငေးငူသည်
အပူရောင်တွေများလို့လား။