images
UN
UN
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များက ပဲခူးတိုင်းဒေသကြီး(အရှေ့)တိုင်း ခရိုင် မြို့နယ်များမှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ
နေကာယံ(အုတ်တွင်း) Friday, 09 November 2018
ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ယနေ့ နံနက် ၁ဝ နာရီက ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင် တိုင်းဒေသကြီးတွဲဖက် တာဝန်ခံ ဦးလှသိန်း၊ ပါတီဗဟို အလုပ်အမှုဆောင် ပဲခူးတိုင်းဒေသ ကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း တို့နှင့်တိုင်းဒေသကြီးကော်မတီဝင် များ၊ တောင်ငူခရိုင်နှင့် ပဲခူးခရိုင် ကော်မတီဝင်များ၊
ပဲခူးတိုင်းဒေသကြီး (အရှေ့)၁၄မြို့နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ဗဟိုအလုပ်အမှုဆောင်တိုင်းပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းက အဖွင့်အမှာ စကားပြောကြားပြီး တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများက မိမိတို့ပါတီ၏ လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြကြပြီးဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းကတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီးနောက် မိမိတို့ပါတီအနေဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။